Saturday 20 March 2010

လျှောက်သောလမ်း

ရည်ရွယ်ချက်နဲ့ ဦးတည်ရာ အခါခါ ငါ လျှောက်ခဲ့။
ပမ်းတဲ့ အခါ ပမ်း၊
လွမ်းတဲ့ အခါ လွမ်း၊
နွမ်းတဲ့ အခါ နွမ်း၊
စွမ်းတဲ့အခါ စွမ်း၊

သူနဲ့နီးရာ ချစ်ကမ္ဘာ တူယှဉ်ကာ ငါ လျှောက်ခဲ့။ ပမ်းတဲ့ အခါ သူကူ၊
လွမ်းတဲ့အခါ သူယူ၊
နွမ်းတဲ့အခါ သူ မြူ၊
စွမ်းတဲ့အခါ အတူတူ၊
သြော် . . .
အတူတူယိမ်း အတူတူ ထိမ်း အတူတူပဲ သိမ်းကြစို့နော်။

မျိုးညီညီ (မန်းတက္ကသိုလ်)

0 comments:

 

blogger templates | Make Money Online