Wednesday 30 June 2010

ကိုယ့်ပစ္စည်းအကြောင်း ကိုယ်မသိသေးတဲ့ အမျိုးသားတွေ





(၁) သူ့သဘော သူဆောင်တတ်ခြင်း
သင့်ရဲ့ အမျိုးသားအင်္ဂါဟာ သူ့သဘော သူဆောင်တတ်တာကို သင် မကြာခဏ သတိထားမိမယ် ထင်ပါတယ်။ ဒါကို သိချင်ရင် သင် ထွေထွေထူးထူး ဆန္ဒမရှိဘဲ တောင့်တင်းမှု လာနေတဲ့ အချိန်တွေ၊ အရမ်းဆန္ဒ ပြင်းပြနေပေမယ့် သူက လိုက်မလာတဲ့ အချိန်တွေကို ပြန်တွေးကြည့် လိုက်ပါ။
ဒါတွေဟာ အမှန်ပဲ ဖြစ်ပါတယ်။ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်တဲ့ လက်၊ ခြေထောက် စတာတွေ အပေါ်မှာလောက် သင်ဟာ သူ့အပေါ် သြဇာမညောင်းပါဘူး (မထိန်းချုပ် မစေခိုင်း နိုင်ပါဘူး)။

အဲဒါ ဘာကြောင့်လဲ ဆိုတော့ ၄င်းဟာ သင်ရဲ့ သိစိတ်ထိန်းချုပ်မှု (conscious control) အောက်မှာ အမြဲ ရှိမနေတဲ့ အာရုံကြော စနစ်ကနေ ထိန်းချုပ် ထားလို့ပါပဲ။ ဒီအာရုံကြောစနစ်ကို အလိုအလျောက် အာရုံကြော အဖွဲ့အစည်း/ စနစ် (autonomic nervous system) လို့ ခေါ်ပါတယ်။ နှလုံးခုန်ခြင်း၊ သွေးဖိအား စတဲ့ ခန္ဓာကိုယ်ထဲက ကိုယ်က ခိုင်းမှ လုပ်တာမဟုတ်ဘဲ သူ့အလိုလို တာဝန်တွေ ထမ်းဆောင်နေတဲ့ အင်္ဂါတွေ အားလုံးကို ထိန်းချုပ်ထားတဲ့ အာရုံကြော စနစ်ပါပဲ။

လိင်စိတ်နိုးကြား လာခြင်းကိုက ကိုယ့်ရဲ့ သိစိတ်ထိန်းချုပ်မှု တစ်ခုတည်းကြောင့် ဖြစ်တာ မဟုတ်ပဲ အလိုအလျောက် သဘော ဆောင်တဲ့ အပိုင်းတွေလည်း ပါဝင်ပါတယ်။ သိစိတ်က အဓိက အခန်းကဏ္ဍက ပါပေမယ့်လည်း ဒီဖြစ်စဉ်ဟာ အလိုအလျောက် အာရုံကြော အဖွဲ့အစည်းရဲ့ အခွဲတစ်ခု ဖြစ်တဲ့ sympathetic nervous system ကြောင့် ပြီးပြည့်စုံ ရတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ခါတစ်လေ အလေးအပင် မ ခြင်းနဲ့ ၀မ်းသွားခြင်းတွေ လုပ်တဲ့ အခါမှာ တောင့်တင်းမှု လာတတ်တာ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် အတွင်းမှာ သင်ဟာ ကာမစိတ်နဲ့ ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို အိပ်မက်မက်နေသည် ဖြစ်စေ၊ တခြား အလုပ်တို့ ကျောင်းစာတို့ အကြောင်းကို မက်နေသည် ဖြစ်စေ sympathetic nervous system ကြောင့် ဦးနှောက်လှုံ့ဆော်မှုတွေ ထွက်လာပြီး တောင့်တင်းမှုကို ဖြစ်စေတတ်ပါတယ်။ ဒါဟာ Rapid Eye Movement လို့ခေါ်တဲ့ မျက်လုံးတွေ လျင်မြန်စွာ လှုပ်ရှားရင်း အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်ပါတယ်။


တစ်ခါတစ်လေမှာ သင့်ရဲ့ အင်္ဂါဟာ သူ့အလိုလို တောင့်တင်း ကြီးမားလာပြီး တစ်ခါတစ်လေ သူ့အလိုလို သေးကျုံ့ သွားတတ်ပါတယ်။ လူတစ်ယောက်ထဲမှာတင် အရွယ်အစားက အရမ်း ကွာခြား သွားတတ်ပါတယ်။ ဒါဟာ ပတ်ဝန်းကျင် အပူချိန်နဲ့ တိုက်ရိုက် သက်ဆိုင်ပြီး လေ သို့မဟုတ် ရေအေးတို့နဲ့ ထိရင် သေးကျုံ့သွားတတ်တာ sympathetic nervous system ရဲ့ သဘာဝအလျောက် တုံ့ပြန်မှု တစ်ခု ဖြစ်ပါတယ်။ (ဒါကြောင့် အလိုအလျောက် အာရုံကြော စနစ် ထိတဲ့ ရောဂါတွေမှာ ပန်းသေပန်းညှိုး ဖြစ်တတ်တာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်း ကုသနည်းကတော့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ နဲ့ ငါး နေ့စဉ် စားပေးပြီး အာရုံကြောဆေးတွေ မှီဝဲပေးရင် သိသိသာသာ ပြန်ကောင်း လာပါတယ်)

စိတ်ဖိစီးမှုတွေဟာ sympathetic nervous system ဆီကို တိုက်ရိုက် သက်ရောက်စေပြီး ရေအေးနဲ့ အာနိသင်ခြင်း တူပါတယ်။ (ဒါကြောင့် စိတ်ဖိစီးမှု များတဲ့ အမျိုးသားတွေ ပန်းညှိုးလွယ်ကြတာ ဖြစ်ပါတယ်။ စိတ်ဖိစီးတတ် ပူပန်တတ်တဲ့ စိတ်ကို ပြုပြင်လျှော့ချနိုင်မယ် ဆိုရင် ပြန်ကောင်းနိုင်ပါတယ်)

(၂) သင်သည် အပြသမား (show-er) သို့မဟုတ် (grower) အကြီးသမား ဖြစ်နိုင်သည်
အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ ပျော့နေတဲ့အချိန်မှာ ရှိတဲ့ အရွယ်အစားနဲ့ တောင့်တင်းမှု လာတဲ့ အချိန်မှာ ရှိတဲ့ အရွယ်အစား ကြားမှာ တိကျတဲ့ ဆက်စပ်မှု မရှိပါဘူး။ အမျိုးသား အယောက် ၈၀ လောက်ကို သုတေသီတွေက လေ့လာကြည့်တဲ့ အခါ အချို့ လူတွေက လာတဲ့ အချိန်နဲ့ မလာတဲ့ အချိန် တစ်လက်မရဲ့ လေးပုံတစ်ပုံ လောက်သာ ကွာခြားပေမယ့် အချို့က ၃ လက်မခွဲလောက် အထိ ကွာခြားတာ တွေ့ရပါတယ်။

များသောအားဖြင့် မတောင့်တင်းခင်မှာ သေးတဲ့ တိုတဲ့ သူတွေက တောင့်တင်းချိန်ကျရင် ပိုမို ကြီးထွားနိုင်တယ်လို့ အမျိုးသား ထောင်ပေါင်းများစွာကို တိုင်းတာချက်များ အရ သုတေသီ များက ပြောပါတယ်။ ဒါကြောင့် ကွာခြားချက် များများ ရှိသူကို (grower) အကြီးသမား၊ နည်းနည်းပဲ ရှိသူကို အပြသမား (show-er) လို့ အရပ်စကား ခေါ်ကြတာ ဖြစ်ပါတယ်။ (ဒီအချက်ဟာ ကျန်းမာရေး အတွက် သက်ရောက်မှု မရှိပါဘူး)

အကြမ်းဖျဉ်း အမျိုးသားတွေ အားလုံးရဲ့ ၁၂%က အပြသမား (show-er) တွေ ဖြစ်ကြပြီး ၇% ကတော့ (grower) အကြီးသမား တွေ ဖြစ်ကြကာ ကျန်တဲ့ အားလုံးကတော့ ကြားထဲက သာမန်တွေ ဖြစ်ကြပါသတဲ့။

(၃) သင်၏ လိင်အင်္ဂါသည် ဘူမာရမ်း Boomerang ကဲ့သို့ ကောက်ကွေ့မှု ရှိ၏။
Boomerang ဆိုတာ ပစ်လိုက်ရင် လေထဲမှာ ၀ဲပျံသွားပြီး ပစ်သူဆီ ပြန်လာလို့ အလွယ်တကူ ပြန်ဖမ်းနိုင်တဲ့ အားကစား ကိရိယာ တစ်မျိုး ဖြစ်ပါတယ်။ များသောအားဖြင့် သစ်သားနဲ့ လုပ်ထားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ကောက်ကောက်လေး ဖြစ်ပါတယ်။


အပင်တစ်ပင်ရဲ့ အမြစ်ကို မြေပေါ်ကနေ မမြင်ရ သလိုပဲ လိင်တံရဲ့ အရင်းကိုလည်း အပြင်ကနေ မမြင်ရပါဘူး။ သူ့ရဲ့ အရင်းဟာ တင်ဆုံရိုးခွေထဲမှာ ရှိနေပြီး ဆီးခုံရိုး (pubic bone) ကို တွယ်ဆက်ထားပါတယ်။

ဒီနေရာမှာ အမျိုးသားတွေ မသိမဖြစ် သိသင့်တဲ့ အချက်တစ်ခုက လိင်တံကြီးထွားရန် ခွဲစိတ်မှု လုပ်တယ်ဆိုတာက လိင်တံရဲ့ အရင်းနဲ့ ဆီးခုံရိုး ဆက်ထားတဲ့ အရွတ်ကို ဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အလျားအနည်းငယ် ပိုရှည်သွားစေ ပေမယ့် ဘေးထွက်ဆိုးကျိုး ရှိပါတယ်။
တွယ်ဆက်အရွတ် (suspensory ligament) လို့ခေါ်တဲ့ ဒီအရွတ်ဟာ အမျိုးသား အင်္ဂါ တောင့်တင်းခြင်းကို ထောင်မတ်စေခြင်းမှာ အဓိက ဖြစ်လို့ ဒါကို ဖြတ်လိုက်ရင် အပေါ် မထောင်မတ်တော့ဘဲ အောက်စိုက် နေတတ်ပါတယ်။ ဒါဆိုရင် အဆင်မပြေမှုတွေ ထိခိုက်ဒဏ်ရာတွေ ရှိလာနိုင်ပါတယ်။


(၄) လိင်တံသည် ကျိုးနိုင်၏

လိင်တံထဲမှာ အရိုး မရှိပေမယ့် ကျိုးနိုင်ပါတယ်။ ဒါကို လိင်တံကျိုးခြင်း (penile fracture) လို့ခေါ်ပြီး ပေါ့သေးသေး ဒဏ်ရာ မဟုတ်ပါဘူး။ ကျိုးတဲ့ အချိန်မှာ အသံတောင် ကြားရတဲ့အထိ ပြင်းထန်ပါတယ်။ သွေးကြော တွေပါ ထိခိုက်ကုန်လို့ မည်းပြာတက်လာကာ အရမ်းနာကျင် ရတတ်ပါတယ်။

အရမ်းတော့လည်း ရှားပါတယ်။ များသောအားဖြင့် မာကျောမှု အရမ်းများတဲ့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရမ်း ကြမ်းတမ်း လျင်မြန်စွာ ဆက်ဆံတတ်သူတွေ၊ အဆင်မပြေတဲ့ အနေအထားနဲ့ ဆက်ဆံတတ်သူတွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီး အဖော်က အပေါ်ကနေတဲ့ အချိန် သူမက ကျယ်ပြန့်စွာ ရွေ့လျားရင်လည်း ဖြစ်တတ်တာမို့ သတိထားသင့်ပါတယ်။ အသက်ကြီးသူတွေမှာ ကျတော့ အရမ်း ကွေးကောက်လွန်းရင် ဖြစ်တတ်ပါတယ်။


(၅) ကမ္ဘာပေါ်ရှိ အမျိုးသား အများစုသည် လိင်တံအရေပြား ဖြတ်မထားကြပါ

ယနေ့ကမ္ဘာပေါ်မှာ အသက် ၁၅ နှစ် ပြည့်ပြီးသား အမျိုးသားများ အားလုံးရဲ့ ၃၀% လောက်ကပဲ လိင်တံထိပ်ဖျား အရေပြား ဖြတ်ထားကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ HIV/AIDS ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါရှိ ပါတယ်။

လူမျိုးဘာသာ ကွာခြားမှုကြောင့်လဲ ကွာခြားတဲ့ သဘော ရှိပါတယ်။ ဂျူးတွေနဲ့ မူဆလင်တွေ အားလုံးနီးပါးဟာ အရေပြား ဖြတ်ထားကြပြီး ဖြတ်ထားသမျှ အမျိုးသား ဦးရေရဲ့ ၇၀% ခန့် ဖြစ်ကြပါတယ်။ ဘာသာရေးကြောင့် မဟုတ်ဘဲ ကျန်းမာရေး အသိနဲ့ အရေပြား ဖြတ်ကြသူတွေထဲမှာ အမေရိကန်တွေက အများဆုံး ဖြစ်ပါတယ်။ ဂျူးလဲ မဟုတ် မူဆလင်လဲ မဟုတ်ဘဲနဲ့ အမေရိကန် အမျိုးသား ၇၅% ဟာ အရေပြား ဖြတ်ထားကြပါတယ်။ နယ်မြေချင်းကပ်ရက် ကနေဒါမှာတောင် ၃၀% ပဲ ရှိပါတယ်။ အင်္ဂလန်မှာ ၂၀%၊ သြစတြေးလျမှာဆို ၆% ပဲ ရှိပါတယ်။


မွေးကင်းစကလေးတွေကို ကျန်းမာရေး အမြင်နဲ့ ရုပ်ရည်ပိုင်းဆိုင်ရာ အမြင်အရ လိင်တံထိပ် အရေပြားဖြတ်တဲ့ အလေ့အကျင့်ဟာ အမေရိကန်မှာတောင် အငြင်းပွားဖွယ် ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် မကြာသေးမီကမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတိအလင်း ကြေငြာလိုက်တဲ့ အချက်ကတော့ အရေပြား ဖြတ်ထားတဲ့ အမျိုးသားတွေဟာ HIV ပိုး ကူးစက်ခံရဖို့ အခွင့်အလမ်း ပိုနည်းပါသတဲ့။


(ဒါ့အပြင် ကိုယ့်ရဲ့ အဖော်အဖက် အတွက်ပါ သားအိမ်ခေါင်းကင်ဆာ အန္တရာယ်ကို လျှော့ချ ပေးပြီးသား ဖြစ်စေတာလည်း သေချာပါတယ်။ အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ Human Papilloma Virus (HPV) ဟာ လိင်တံဖုံး အရေပြားကြားမှာ ခိုအောင်း နေတတ်လို့ ပါပဲ။ အမျိုးသား လိင်တံကင်ဆာ ဟာလည်း ဒီပိုးကြောင့်ပဲ ဖြစ်ရတာမို့ အရေပြား ဖြတ်လိုက်ရင်တော့ ဒီအန္တရာယ်တွေ ကင်းဝေးမှာ အသေအချာပါပဲ။ လက်ရှိ ပြည်တွင်းမှာ ဒီဝန်ဆောင်မှုကို စက်တွေနဲ့ ပေးနေတဲ့ ဆေးခန်းကြီးတွေ ကြော်ငြာနေတာ တွေ့ရပါတယ်)


လက်ရှိ အမေရိကန်မှာ မွေးကင်းစ ယောက်ျားလေး အားလုံးရဲ့ ၆၅%ကို အရေပြား ဖြတ်ထား ကြတယ်လို့ သိရပါတယ်။


Last Updated at 2010-06-29 on 00:49:14 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

Thursday 24 June 2010

အမျိုးသားများ၏ သွေးဆုံးခြင်း လက္ခဏာများ




သွေးဆုံးခြင်း ဟူသော ဝေါဟာရသည် အမျိုးသမီးများ အတွက် သီးသန့် ဖြစ်သည်ဟု ယခင်က သိခဲ့ကြ သော်လည်း အမျိုးသားများတွင် ဖိုဟော်မုန်း တက်စတိုစတီရုန်း လျော့နည်းကျဆင်း လာသည်နှင့် အမျှ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာများ ပေါ်ပေါက်လာခြင်းကို “အမျိုးသားများ သွေးဆုံးခြင်း” (male menopause) ဟု ဥရောပသုတေသီများက ရောဂါနာမည် တပ်ခဲ့သည်။ ယခု တွေ့ရှိချက် အပြည့်အစုံကို ဇွန်လ ၁၇ ရက်နေ့ထုတ် နယူးအင်္ဂလန် ဆေးပညာဂျာနယ် (The New England Journal of Medicine) တွင် ဖော်ပြပါရှိခဲ့သည်။

ဆေးပညာ ဝေါဟာရအရ “သက်ကြီးပိုင်းတွင် ဖြစ်သော လိင်စွမ်းရည်ကျဆင်းခြင်း” (Late-onset Hypogonadasim) ဟုခေါ်သော “အမျိုးသားများ သွေးဆုံးခြင်း” သည် ကိုယ်တွင်း တက်စတိုစတီရုန်း ပမာဏ ကျဆင်းခြင်းကို ရည်ညွှန်းပြီး အမျိုးသားများ အသက်အရွယ် ရလာသည်နှင့် ဖြစ်ပေါ် ခံစားရလေ့ ရှိသည်။

အမျိုးသမီးများတွင် အသက်ကြီးလာ၍ မဟော်မုန်း အီစထရိုဂျင် သိသိသာသာ လျော့နည်းလာခြင်းကို သွေးဆုံးသည်ဟု ခေါ်ပြီး အမျိုးသမီးများ အားလုံး ဘ၀တွင် သေချာပေါက် ခံစားရမည် ဖြစ်သော်လည်း အသက်အရွယ်ကြီးသူ အမျိုးသားများထဲမှ အနည်းငယ်သော အရေအတွက် ဖြစ်သော ၂% ခန့် လောက်သာ အမျိုးသားသွေးဆုံးခြင်းကို ခံစားရနိုင်သည်ဟု သိရသည်။

ဥရောပအမျိုးသားများ အိုမင်းခြင်းဆိုင်ရာ သုတေသနဟု အမည်ပေးထားသော ယခုလေ့လာမှုကို အင်္ဂလန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်မှ ဖွံ့ဖြိုးမှုနှင့် စိတ်ဓာတ်မြှင့်တင်ရေး ဓာတုဆေးသိပ္ပံသုတေသနအဖွဲ့က အသက် ၄၀ နှင့် ၇၉ ကြားရှိ အမျိုးသား ၃၃၆၉ ယောက်တို့ အပေါ် စနစ်တကျ စောင့်ကြည့် လေ့လာ ခဲ့ပြီးမှ အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်ခံ အမျိုးသားများထဲတွင် ဝှေးစေ့နှင့် ပီကျူထရီဂလင်း ဆိုင်ရာ ရောဂါရှိသူများ ကင်းစင်စေရန်လည်း ဂရုစိုက်ခဲ့ကြသည်။

လေ့လာမှု ပြုလုပ်သူ သုတေသနပညာရှင် Frederick C. W. Wu နှင့် အဖွဲ့ဝင်များသည် အမျိုးသားသွေးဆုံးရောဂါကို ဖြစ်စေသော တက်စတိုစတီရုန်းဟော်မုန်း ကျဆင်းခြင်းနှင့် ဆက်စပ်သည့်

မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အဓိက လက္ခဏာ (၃) ခု- ပန်းသေပန်းညှိုးဖြစ်ခြင်း၊ လိင်မှုကိစ္စတွင် စိတ်ပါဝင်စားမှု နည်းခြင်း၊ မနက်အိပ်ရာနိုး အမျိုးသားအင်္ဂါတောင့်တင်းမှု အကြိမ်အရေအတွက် လျော့ကျခြင်း၊

ရုပ်ပိုင်းဆိုင်ရာ အဓိကလက္ခဏာ(၃)ခု - အင်အားစိုက်ထုတ်ရသော ကိုယ်လက်လှုပ်ရှားမှုကို အချိန်ကြာကြာမလုပ်နိုင်ခြင်း၊ တစ်ကီလိုမီတာ (ပေ ၃၀၀ ကျော်ခန့်) ပြည့်အောင် လမ်းလျှောက်လျှင် အလွန်ပင်ပန်းခြင်း၊ ခန္ဓာကိုယ်ကို ကြာကြာ ကွေးကောက်မထားနိုင်ခြင်း (သို့) ကြာကြာမတ်တပ်မရပ်နိုင်ခြင်း နှင့်

စိတ်ပိုင်းဆိုင်ရာ အဓိကလက္ခဏာ(၃)ခု - စိတ်စွမ်းရည် (ဖန်တီးလိုစိတ်၊ အောင်မြင်မှု လိုလားစိတ် စသည်) လျော့နည်းကျဆင်းခြင်း၊ ၀မ်းနည်းတတ်လာခြင်း၊ စိတ်ပင်ပန်းလွယ်ခြင်း တို့ကို စနစ်တကျ မှတ်တမ်းတင် လေ့လာခဲ့သည်။


တက်စတိုစတီရုန်း ပမာဏ ကိုယ်တွင်းတွင် လျော့ကျလာသည်နှင့် အမျှ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အဓိက လက္ခဏာ (၃) ခုမှာ အမျိုးသားများ အားလုံး သေချာပေါက် ခံစားကြရမည် ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အဓိကလက္ခဏာ(၃)ခုနှင့် စိတ်ပိုင်းဆိုင်ရာ အဓိကလက္ခဏာ(၃)ခု တို့သည် ပြင်းထန်ချင်မှ ပြင်းထန်မည် ဟု သိရသည်။

အချုပ်အားဖြင့် ဆိုသော် အမျိုးသားသွေးဆုံးခြင်း ဝေဒနာများကို လက်ရှိ ကမ္ဘာပေါ်တွင် အသက် ၄၀ နှင့် ၄၉ ကြား အမျိုးသားများ၏ ၀.၁% ၊ အသက် ၅၀ မှ ၅၉ ကြား အမျိုးသားများ၏ ၀.၆% ၊ အသက် ၆၀ မှ ၆၉ နှစ်ကြား အမျိုးသားများ ၃.၂% ၊ အသက် ၇၀ မှ ၇၉ ကြား အမျိုးသားများ၏ ၅.၁% က ခံစားနေကြရသည်။ ထိုအရေအတွက်သည် မများလွန်း လှသော်လည်း ခံစားရသူများတွင် အ၀လွန်ခြင်းနှင့် အခြားသော ကျန်းမာရေး ပြဿနာများ ခံစားရနိုင် ပေသည်။

ထိုတွေ့ရှိချက်များ အရ သွေးဆုံးရန် အန္တရာယ်ရှိသော (လက္ခဏာများ ပေါ်စပြုနေသော) အမျိုးသားများသည် တက်စတိုစတီရုန်း ပြန်လည်ဖြည့်တင်းပေးသော ကုထုံး (testosterone-replacement therapy) ဖြင့် ပြန်လည် ကောင်းမွန်လာနိုင်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ သို့သော် တက်စတိုစတီရုန်း ဟော်မုန်းဆေးများကို ကိုယ့်သဘောနှင့်ကိုယ် သောက်သုံးရန်မသင့်ဘဲ ဆရာဝန်နှင့် တိုင်ပင်၍သာ သောက်သုံးသင့်ပါသည်။

အဘယ့်ကြောင့် ဆိုသော် အသက်အရွယ် အတန်ငယ်ရလာ၍ လိင်ပိုင်းစွမ်းရည် ကျဆင်းမှုများ အတန်ငယ် ကြုံလာသည်နှင့် ဟော်မုန်းဆေးသောက်သုံးမှုများ အမေရိကန်တစ်နိုင်ငံတည်းတွင်ပင် ၁၉၉၉ ခုနှစ်မှစ၍ နှစ်စဉ် ၄၀၀% ခန့် မြင့်တက်လာနေသည်ကို တွေ့ရှိရသည်။ အမှန်စင်စစ် အချို့ဝေဒနာများမှာ သဘာဝအရ အသက်အရွယ်ကြောင့် ခံစားရခြင်းသာ ဖြစ်ပြီး သွေးဆုံးရောဂါ မဟုတ်သည်ကို ကိုရွှေအမေရိကန်တို့က စွမ်းရည်ကျမည် ထင်ကာ အကဲပို၍ ဆရာဝန်နှင့် မတိုင်ပင်ဘဲ မှီဝဲနေကြခြင်းသာ ဖြစ်သည်။

ပြီးခဲ့သော လက အမေရိကန် ပညာရှင်များမှ ထုတ်ဝေခဲ့သည့် နိုင်ငံတကာ လက်တွေ့ ဆေးပညာ ဂျာနယ် (International Journal of Clinical Practice) တွင် လက်ရှိကမ္ဘာပေါ်၌ အမျိုးသားသွေးဆုံးခြင်း ဖြစ်ပွားမှုများသည် အတန်ငယ် မြင့်တက် လာနေကြောင်း နှင့် နောက်ဆက်တွဲ အနေနှင့် နာတာရှည်ရောဂါများ ဖြစ်သည့် အ၀လွန်ခြင်း၊ အမျိုးအစား(၂) ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပွရောဂါ၊ သွေးတွင်း ကိုလက်စထရော များခြင်းနှင့် သွေးကြောများ အဆီပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါ များ ဖြစ်လာနိုင်ကြောင်း ဖော်ပြပါရှိသည်။


လက်ရှိ နောက်ဆုံးပေါ် တွေ့ရှိချက်များ အရ အမျိုးသားများ၏ သွေးတွင်း လှည့်ပတ်နေသော ဖိုမျိုးပွားဟော်မုန်း တက်စတိုစတီရုန်း ပမာဏသည် အသက် ၃၀ ကျော်သည်မှစ၍ တစ်နှစ်လျှင် ၁% ခန့် နှစ်စဉ် ကျဆင်းသွားပြီး ထိုသို့ကျဆုံးခြင်းသည် ကျန်းမာရေးအပေါ် တိုက်ရိုက်ဆိုးကျိုး အနေဖြင့် သက်ရောက်မည်လား၊ တက်စတိုစတီရုန်း ပြန်လည်ဖြည့်တင်းပေးသော ကုထုံးဖြင့် ကုသ၍ လုံးဝ ပျောက်ကင်းမည်လား၊ ဘေးထွက်ဆိုးကျိုးများကော ရှိလာနိုင်မည်လား ဆိုသော အချက်များ မှာတော့ ဆက်လက် လေ့လာဆဲပင် ဖြစ်သည်။

ထို့ကြောင့် ယခု တွေ့ရှိချက်သည် သူပေးသော အဖြေများထက် မေးခွန်းများကို ပိုမို ပေးသွားသည်ဟု နယူးယော့ခ်မြို့တော်၏ နာမည်ကျော် ဆေးရုံ ဖြစ်သော The Mount Sinai အထူးကုဆေးရုံ၏ ဆီးလမ်းကြောင်းဗေဒ၊ သားဖွားနှင့် မီးယပ်တွဲဖက်ပါမောက္ခ ဒေါက်တာ Natan Bar-Chama က ကောက်ချက်ချ ခဲ့သည်။

ဤသတင်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ဆီးချိုနှင့် အင်ဒိုခရိုင်းအထူးကု ဆရာဝန်ကြီး တစ်ဦးသို့ Mutdafn.com မှ ဆက်သွယ် အကြံဥာဏ် တောင်းခံခဲ့ရာ “သွေးတွင်း တက်စတိုစတီရုန်း ပမာဏ 300 ng/dl ထက်လျော့နည်းသွားရင် လိင်စွမ်းရည်ကျဆင်းခြင်း (Hypogonadasim) ဖြစ်နေပြီလို့ သတ်မှတ်နိုင်ပေမယ့် ဒါဖြစ်တာနဲ့ပဲ မနက်ပိုင်း တောင့်တင်းမှု အကြိမ် အရေအတွက် လျော့နည်းတာ၊ စိတ်ပါဝင်စားမှု အတွေးတွေ နည်းတာ၊ လိင်ပိုင်းဆိုင်ရာ ကာယ စွမ်းရည် ကျဆင်းတာ တွေ တန်းဖြစ်တာပဲလား ဆိုတဲ့ အချက်ရယ်၊ လိင်စွမ်းရည်ကျဆင်းခြင်း (Hypogonadasim) ကို ကုသနိုင်ရင် ပန်းသေပန်းညှိုးရောဂါပါ အမြစ်ပြတ် ပျောက်ကင်းမလား ဆိုတဲ့ အချက်တွေ တိကျသေချာစွာ သိရမှသာ ဒီဟော်မုန်းဖြည့်စွက် ကုသခြင်းတွေကို လက်တွေ့ဆေးလောကမှာ အသုံးချသင့်ပါတယ်” ဟု ပြောပြခဲ့ပါသည်။

ထို့ကြောင့် ယနေ့ခေတ်တွင် တက်စတိုစတီရုန်း ဟော်မုန်း ပါဝင်သော အားဆေးများမှာ (တရားဝင်ကော တရားမ၀င်ပါ) ဈေးကွက်တွင် ပေါများစွာ ရှိနေရာ အထက်ပါ အမျိုးသား သွေးဆုံး ဝေဒနာများကို ခံစားနေရသည် ဆိုသည့်တိုင် ဆရာဝန်တစ်ဦးဦးနှင့် တိုင်ပင်ပြီးမှသာ ဆေးအမျိုးအစား၊ အချိန်အဆ တိတိကျကျ သတ်မှတ်ပြီး သောက်သုံးသင့်ပြီး ဓာတ်ခွဲခန်းထုတ် တက်စတိုစတီရုန်း အားဖြည့်ဆေးများ အစား ဤဆောင်းပါး တွင်ဖော်ပြထားသော သဘာဝ အစားအသောက် များကို အားကိုးသင့်ပါကြောင်း မက်ဖန်ပရိသတ်များကို ဤဆောင်းပါး နှင့်တကွ အကြံပြုလိုပါသည်။
Last Updated at 2010-06-24 on 07:59:16 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

Monday 21 June 2010

တစ်ကိုယ်ရည်ဆန္ဒဖြေခြင်း နှင့်ပတ်သက်၍





မူရင်းဆောင်းပါးထဲက အတိုင်း တိုက်ရိုက်ဘာသာ ပြန်ပေးလိုက်လို့ မြန်မာပရိသတ်များ သိလိုတဲ့ အချက်တွေ ကျန်ခဲ့တာ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဖြေကြားလိုက်ပါတယ်။


(၁) ပထမဦးစွာ ကိုဂျန်းဂျန်းရဲ့ အမေးကို ဖြေကြားရမည် ဆိုလျှင် တစ်ကိုယ်ရည် အာသာဖြေခြင်းသည် နှလုံးရောဂါ ဖြစ်စေသည်ဆိုသော သုတေသနတွေ့ရှိချက် တစ်စုံတစ်ရာ မရှိသေးဘဲ နှလုံးနှင့် သွေးကြောများကို ကောင်းမွန်စေသော အာနိသင် ရှိကြောင်းကိုပင် တွေ့ရှိရပါတယ်။

ဘယ်လိုလဲဆိုတော့ ဆန္ဒဖြေပြီးသွားလို့ ကျေနပ်မှုအထွတ်အထိပ် ရောက်သွားခြင်းသာ နှလုံးခုန်နှုန်းကို ထိန်းညှိပေးရာရောက်ပြီး နှလုံးခုန်မြန်ခြင်း ရင်တုန်ခြင်းတွေကို လျော့ပါးစေကြောင်း ခိုင်ခိုင်မာမာ တွေ့ရှိထားရပါတယ်။

(ဆေးပညာနယ်ပယ်က လူများဆိုရင် (Parasympathetic Activation) လို့ပြောရင် သိမှာပါ။ သုက်လွှတ်ခြင်းဟာ Sympathetic Nervous System ရဲ့ လွှမ်းမိုးမှု အဓိက ဖြစ်ပေမယ့် လွှတ်ပြီးသွားရင်တော့ Parasympathetic Nervous System ရဲ့ လွှမ်းမိုးမှုအောက် ပြန်ရောက်သွားပါတယ်။ ဒါကြောင့် အနားယူလဲလျောင်း အိပ်စက်ချင်လာတာ ဖြစ်ပြီး ဒီလို နွမ်းနယ်သလို ဖြစ်ခြင်းဟာ အာရုံကြောစနစ်ရဲ့ သဘာဝဖြစ်စဉ် ဖြစ်လို့ ခန္စာကိုယ်အပေါ် တစ်စုံတစ်ရာသော ဆိုးကျိုး သက်ရောက်ခြင်းမဟုတ်ပါ) ဒီသက်ရောက်မှုကြောင့်သာ နှလုံးဟာ မူမမှန် စည်းချက်မမှန် မြန်နေခြင်းတွေတောင် လျော့နည်းစေပါသတဲ့။

နောက်တစ်ချက်က ဒီလို ပြီးသွားတဲ့ အကျိုးသက်ရောက်မှုဟာ သွေးကြောအသေးလေးတွေရဲ့ သွေးလှည့်ပတ်မှု (Microcirculation) အပေါ်မှာလည်း ကောင်းမွန်စေတဲ့ အချက်ရှိတယ်လို့ တွေ့ရှိချက်တွေလည်း ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုတွေကတော့ အဖော်နဲ့ အတူတူနေခြင်းမှာ ပိုရနိုင်ပေမယ့် သွေးလှည့်ပတ်မှုဆိုင်ရာ အကျိုးတွေကတော့ နှစ်မျိုးစလုံးမှာ တူတူပဲလို့ သိရပါတယ်။ (တစ်ခုပဲ လမ်းလွဲမလိုက်ပါနဲ့။ ဒီကောင်းကျိုးတွေ လိုချင်လို့ ခဏခဏ လုပ်နေရင်တော့ ဆိုးကျိုးတွေလည်း ၀င်လာနိုင်ပါတယ်)

ဒါကြောင့် ကိုဂျန်းဂျန်း နဲ့ ကို jo.jin.mo တို့ရဲ့ အမေးတွေကို နှလုံးရောဂါ မဖြစ်စေနိုင်ပါဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။

(တစ်ခုတော့ ရှိတာပေါ့လေ။ မွေးရာပါ နှလုံးရောဂါ ပါသူတွေ အပေါ် တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပတ်သက်လို့ လေ့လာထားချက်တော့ ကျွန်တော် မတွေ့သေးပါဘူး။ ဘာပဲဖြစ်ဖြစ် မွေးရာပါအားနည်းနေတဲ့ သူတွေဆိုတော့ လျှော့လုပ်သင့်တယ်ထင်တာပဲ။ နှလုံးရောဂါကို ပိုဆိုးစေလို့တော့ မဟုတ်ပါဘူး။ နှလုံးရောဂါသမားဆိုတော့ နဂိုက အပင်ပန်းမခံနိုင်တဲ့အထဲ ပိုနွမ်းနယ်နေမှာ စိုးလို့ပါ)

(၂)ကိုအောင်ကျော်ဇော၇၂ ရဲ့ အမေးကို ဖြေရရင် ၀က်ခြံနဲ့ ဆိုင်ပါသလားဆိုတော့ ဆိုင်ပါတယ်။ လွယ်လွယ်ပြောရရင် တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်ရင် အမျိုးသားဟော်မုန်း Androgen ပိုထွက်လို့ ဒီဟော်မုန်းကြောင့် ၀က်ခြံတွေ ပိုထွက်စေတဲ့ သဘော ရှိပါတယ်။ ဒါက အသက် ၂၀ အောက်တွေမှာပဲ ၀က်ခြံများစေတဲ့ အဓိက အကြောင်းတရား ဖြစ်ပြီး သူ့ထက် ပိုပြီး တဲ့ ၀က်ခြံဖြစ်စေတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့..........

(က) ဗိုက်တာမင် A ချို့တဲ့ခြင်း (ဗိုက်တာမင် A ချို့တဲ့ရင် အဆီဂလင်းအပေါက်ဝက ဆဲလ်တွေ မခိုင်မာဘဲ ပြိုလဲ သေဆုံးကုန်ကာ အရေပြားက အဆီထွက်တဲ့ အပေါက်ဝ ပိတ်လို့ ၀က်ခြံဖြစ်စေ ပါတယ်။ ဒါကြောင့် ၀က်ခြံများများ ပေါက်တဲ့သူတွေဟာ အ၀ါရောင်၊ အနီရောင်၊ အစိမ်းရင့်ရောင်ပါတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ နေ့စဉ်စားပေးဖို့ လိုပါတယ်။ ကြာဆူးပါပေါက်နေတဲ့သူ ညဖက် ကောင်းကောင်း မမြင်ရတော့တဲ့သူတွေဆိုရင် ဗိုက်တာမင်အေ အားဖြည့်ဆေးပါ မှီဝဲပေးဖို့ မရှိမဖြစ်လိုအပ်နေပါပြီ။ လွယ်ကူစွာ ၀ယ်ယူနိုင်တဲ့ ဗိုက်တာမင်အေ အားဆေးကတော့ Adevit ပဲဖြစ်ပါတယ်။ အစာစားပြီးတိုင်း တစ်နေ့ တစ်လုံး သောက်ရပါတယ်။ ၀က်ခြံအရမ်းထွက်တဲ့သူတွေ သောက်ပေးရင် သက်သာလာတာ တွေ့ရပါမယ်)

(ခ) မျက်နှာအရေပြား သန့်ရှင်းမှုမရှိခြင်း (ချေးတွေ ချွေးတွေနဲ့ အဆီပြန်လွန်းတဲ့သူတွေမှာ မျက်နှာမှာ ဘက်တီးရီးယားများ ပိုမိုများပြားစွာ ရှိနေတတ်ပြီး အဆီဂလင်းပေါက်ပိတ်လို့ ၀က်ခြံဖြစ်တာနဲ့ ပိုးကတန်းဝင်တာ ဖြစ်လို့ ဆိုးဝါးစွာ ယောင်ကိုင်းတတ်တဲ့ ကြီးမားတဲ့ ၀က်ခြံတွေ ဖြစ်တတ်ပါတယ်။

အရေပြား မသန့်ရှင်းလို့ ၀က်ခြံအထွက်များရခြင်းက တစ်ကိုယ်ရည် အာသာဖြေလို့ အမျိုးသားဟော်မုန်း ပိုထွက်ကာ ၀က်ခြံတွေ ထွက်တာထက် ပိုဆိုးပါတယ်၊ ပိုအဓိကကျပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေရင် ၀က်ခြံ ပိုထွက်စေသလား မေးရင် ထွက်တော့ ထွက်စေပါတယ် ဒါပေမယ့် အထက်က အချက်တွေလောက် မဆိုးပါဘူးလို့ ဖြေရပါမယ်)

တစ်လက်စတည်း ညဖက်အိပ်ရင် ရေသန့်သန့်နဲ့ မျက်နှာသစ်အိပ်ဖို့ သတိပေးပါရစေ။ ဘာဆေးတွေမှ မသုံးနိုင်ရင်နေပါ။ သင့်တောင်ရာ facial foam နဲ့ဆို ရပါတယ်။ တစ်ခုပဲ။ အရမ်းဝက်ခြံတွေ ထကြွသောင်းကြမ်းနေတဲ့ အချိန်မျိုးမှာတော့ ဆပ်ပြာတွေ မျက်နှာသစ်ဆေးတွေ တတ်နိုင်သမျှ ရှောင်ပါ။ သစ်သီးရည်တွေ ဘာတွေမှကို မသုံးဘဲ ရေသန့်ပုလင်းထဲက ရေနဲ့သစ်ပါ။ ရေသန့်ရဲ့ pH ဟာ အယ်လ်ကာလီဘက် အနည်းငယ်လေး ရောက်တာမို့ ၀က်ခြံတွေနဲ့ သင့်တော်တယ်လို့ ဆိုနိုင်ပါတယ်။

အစားအသောက် အနေနဲ့က အသီးအရွက်တွေများများ စားပေးပါလို့ ပြောချင်တာကလွဲရင် အထူးရှောင်ရန် မရှိပါ။ ဖြစ်နိုင်ရင်တော့ ၀က်ခြံတွေ အရမ်းယောင်နေတဲ့ အချိန်မှာ ဖြစ်နိုင်ရင်တော့ ခြေလေးချောင်းသား ရှောင်ပါ။ ခြေလေးချောင်းသား (၀က်၊ဆိတ်၊အမဲ) တွေမှာ ပြည့်ဝဆီတွေ အရမ်းပါဝင်ပြီး ဒါတွေက အဆီဂလင်းပေါက်တွေ ပိတ်ဆို့အောင် အားပေးလို့ ဖြစ်ပါတယ်။ ငါးပိတွေ အငန်တွေ လျှော့စားတာက ဘာမှမထူးဘူးလို့ အရေပြား အထူးကုများက ဆိုပါတယ်။

အရမ်းအရေးကြီးဆုံး ရှောင်ရန် တစ်ချက်ပဲ ရှိပါတယ်။ ၀က်ခြံတွေ ယောင်နေစဉ်မှာ နို့နဲ့ နို့ထွက်ပစ္စည်း အားလုံးကို ရှောင်ပါ။ ဘာလို့လဲ ဆိုတော့ နို့ထဲမှာ အဓိကပါတဲ့ သကြားဓာတ် lactose ကို ၀က်ခြံထဲက ဘက်တီးရီးယားပိုးတွေက ကောင်းစွာယူသုံးနိုင်ကြပြီး ပေါက်ပွားမှုနှုန်း အရမ်းမြန်ကုန်ကြကာ ၀က်ခြံတွေကို ပိုဆိုးစေလို့ ဖြစ်ပါတယ်။ တစ်ခြား အချိုဓာတ်တွေကို ဘက်တီးရီးယားတွေက တိုက်ရိုက်ယူသုံးလို့မရဘဲ lactose ကျတော့ အလွယ်တကူ ရလို့ ဖြစ်ပါတယ်။ ဒါရှောင်တာကလည်း ၀က်ခြံတစ်လုံးတစ်လေလောက် ပေါက်တဲ့သူတွေကို မဆိုလိုပါ။ အရမ်းများရင်တော့ မြန်မြန်သက်သာချင်ရင် မဖြစ်မနေ ရှောင်သင့်ပါတယ်။

ပိုးသတ်ဆေးအနေနဲ့ကတော့ ကွမ်းရာဆိုင်တွေ ဆေးဆိုင်တွေက ပေးတဲ့ဆေးတွေ မသောက်စေချင်ပါဘူး။ ပဋိဇီဝဆေးတစ်ခုကို လူတစ်ယောက်အတွက် သင့်မသင့် ရွေးချယ်ရာမှာ ဆရာဝန်ရွေးတာပဲ မှန်ပါတယ်လို့ ပြောချင်ပါတယ်။ နို့မို့ ရှင်းပြလို့မရတဲ့ လိုအပ်ချက်တွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရမှာ မို့ပါ။ (ဒီအကြောင်းကို နောက်တော့ ဆောင်းပါးတစ်ပုဒ်အနေနဲ့ တင်ပေးဖို့ ရှိပါတယ်)

(ဂ)၀က်ခြံကို လက်ဖြင့် ကလိခြင်း (ဒီလိုလုပ်ရင် လက်က သေချာပေါက်မသန့်တဲ့အတွက် သေချာပေါက်ကို ပိုးဝင်မှာပါ။ ကိုယ်ခံအားက နိုင်သွားရင် အကြောင်းမဟုတ်ဘူး။ မနိုင်ရင် အနာဖြစ်ကာ အရမ်းယောင်ကိုင်းလာပြီး ဆင်ဝက်ခြံ ဖြစ်လာမှာပါပဲ။

လက်က သန့်အောင် လုပ်ထားတယ်ပဲ ထားပါဦး။ အရေပြားမှာ အပေါက်တစ်ပေါက် ပေါက်နေခြင်းဟာ သင့်ခန္စာကိုယ်အတွက် ခံတပ်တစ်နေရာ ကျိုးပဲ့နေတာနဲ့ တူပါတယ်။ ဒါဆို လေထုထဲက ဘက်တီးရီးယားတွေ ကျူးကျော်ဝင်ရောက်လာမှာ အသေအချာပါပဲ။ ဒီတော့ အထူးသတိပေးချင်တာက အောက်ပါပုံမှာ ဖော်ပြထားတဲ့ တြိဂံပုံရဲ့ အတွင်းဧရိယာကို အန္တရာယ်နယ်မြေ (Dangerous Area) လို့ခေါ်ပါတယ်။ အထူးသဖြင့် ဒီနေရာမှာ ၀က်ခြံပေါက်ရင် လုံးဝ လုံးဝ မကလိပါနဲ့။ အခန့်မသင့်ရင် အဲဒီဧရိယာက အရေပြားမှာ ပေါက်တဲ့ အနာကပိုးဟာ သွေးကြောကနေတစ်ဆင့် ဦးနှောက်ထဲထိ ၀င်ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။


(၃) တစ်ကိုယ်ရည် အာသာဖြေတာများရင် ဥာဏ်ရည်ကို ထိခိုက်တယ်လို့ အထင်လွဲနေကြတယ်လို့ ပညာရှင် အများစုက ဆိုကြပါတယ်။ အမှန်က အာရုံစူးစိုက်နိုင်စွမ်း (Ability to Concentrate) ကို လျော့နည်းစေတာ ဖြစ်ပါတယ်။ တရားလွန် အကြိမ်အရေအတွက် များများ လုပ်တဲ့သူတွေမှာ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) လျော့နည်းလာတာမို့ အာရုံစူးစိုက်မှု စွမ်းအား လျော့ကျလာတာသေချာပါတယ်။

သင်ကြားရေး ဖန်တီးရေး တွေမှာ ထိခိုက်တာပေါ့လေ။ ဒါပေမယ့် ရေရှည်မှတ်ဥာဏ်ကျတယ်လို့ သုတေသနရလဒ် မရှိသေးပါ။

(အထက်ကဖော်ပြခဲ့တာကျတော့ အမျိုးသားဟော်မုန်း တက်တယ်ဆို၊ ခုကျတော့ ဘာလို့ကျတာလဲလို့ ခေါင်းရှုပ်မှာ စိုးလို့ ရှင်းပြပါမယ်။ အမျိုးသားဟော်မုန်းက နှစ်မျိုး ရှိပြီး လုပ်ငန်းတာဝန် မတူပါ။ တစ်ကိုယ်ရေ အာသာဖြေရင် တက်စတို စတီရုန်း တစ်မျိုး ဖြစ်တဲ့ တက်စတို စတီရုန်းက လျော့သွားပါတယ်။ ဒါကြောင့် အာရုံစူးစိုက်နိုင်စွမ်း ကျတာ ဖြစ်ပြီး တက်စတိုစတီရုန်း ပမာဏ ပြန်တက်လာဖို့ အဲန်ဒရိုဂျင် (Anderogen) က မြင့်တက်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့်ဝက်ခြံကို အားပေးရာ ရောက်တာ ဖြစ်ပါတယ်)

(၄) အသက်တိုသလားဆိုတော့ တိုက်ရိုက်တော့ မဆိုင်ပါ။ Tao နည်းနဲ့ ရေးထားတဲ့ Sex Education စာအုပ်တွေမှာတော့ ကာမဂုဏ်လွန်ရင် အသက်ကို ပေးတဲ့ အပူစွမ်းအင် လျော့ကျစေတယ်လို့ ရေးထားတာတော့ ခဏခဏ ဖတ်ဖူးတယ်။

ခေတ်ဆေးပညာရဲ့ အလိုအရတော့ အာသာဖြေတာမှမဟုတ်ပါဘူး ဘာအလုပ်ပဲဖြစ်ဖြစ် အလုပ်များများ လုပ်ရင် ဓာတ်တိုးပစ္စည်း (oxidants) တွေ ထွက်ပါတယ်။ ဒါတွေကို (free radicals) တွေလို့လဲ ခေါ်သလို (reactive oxygen species) လို့လဲ ခေါ်ကြပါတယ်။ လိုရင်းပြောရရင် ဒါတွေက ခန္စာကိုယ်ကို အိုမင်းစေတဲ့ သက်ရောက်မှုတော့ ရှိပါတယ်။ အစွမ်းရောက် တရားလွန်ခြင်းဟာ အန္တရာယ် ဆိုတာ သိပ်မှန်ပါတယ်။

ဓာတ်တိုးပစ္စည်း (oxidants) တွေကို ချေဖျက်ပြီး အိုမင်းခြင်းကို ကာကွယ်ချင်ရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေများများပါတဲ့ အသီးအရွက်စုံတွေ နေ့စဉ်စားပေးဖို့ တစ်နည်းပဲ ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဇာတိ ပြီးရင် ဇရာလာမှာမို့ အလာနှေးအောင်သာ ဆောင်ရွက်လို့ ရမှာဖြစ်ပြီး လုံးဝမလာအောင်တော့ မဖြစ်နိုင်ကြောင်းပါ။

(ကျွန်တော်ဟာ M.B.,B.S. ဆရာဝန်တစ်ဦးမျှသာ ဖြစ်ပေမယ့် အခုလို ပရိသတ်တွေရဲ့ အမေးကို အကိုးအကား လုံးဝ မကြည့်ဘဲ စုံလင်စွာ လက်တန်းဖြေဆိုနိုင်ခဲ့မိလို့ ကိုယ့်အရည်အချင်းကို ကိုယ် ကျေနပ်အားရမိပါတယ်။ အခုလို ကျွန်တော် အရည်အချင်းတက်လာတာ မက်ဖန်ကို အသည်းစွဲ အားပေးနေတဲ့ စာဖတ်သူတို့လို ချစ်ပရိသတ်တွေကြောင့် မဟုတ်ပါလား ခင်ဗျာ)

P.S: ကျွန်တော့်ရဲ့ ဆေးခန်းကို မကြာခင်မှာ ဖွင့်လှစ်သွားဖို့ ရှိတာမို့ သိချင်သူပရိသတ်များကို ကြေငြာပေးပါ့မယ် Tongue out


Last Updated at 2010-06-20 on 11:27:01 Written by : သီဟသစ်(ဆေး-၂) Mutdfan.com

အမျိုးသားတိုင်းအတွက် သိသင့်သည့် အချက်များ





တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လို ဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေ အပေါင်းအသင်းတွေ ပြောတာကိုပဲ ဟုတ်နိုးနိုးနဲ့ လက်ခံနေရတာ များပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များက အမျိုးသား သန်းပေါင်းများစွာ (အာရှ၊ ဥရောပ၊ အမေရိကနဲ့ အာဖရိကပါမကျန်) အပေါ်ကို လေ့လာတွေ့ရှိ အတည်ပြုထားတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဆိုင်ရာ တွေ့ရှိချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူပြောတာမှ မယုံပါနဲ့။ သိပ္ပံနည်းကျတဲ့ လက်တွေ့ဆေးပညာစမ်းသပ်မှုတွေကို ဖတ်ကြည့်ပြီး အမှန်သိနိုင်ကြပါစေ။

(အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများဟာ မည်သည့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စသည့် ရှုထောင့်များကိုမှ ကိုယ်စားမပြုဘဲ ကျန်းမာရေးရှုထောင့် သီးသန့်မှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း သဘောတူခြင်း မတူခြင်း ကို ကိုယ်စားမပြုဘဲ ဖတ်ရှုသူများ ကိုယ်တိုင်ကသာ ကောင်းကျိုး ဆိုးကျိုး အပေါင်းအနှုတ် လက္ခဏာများကို ခွဲခြားပိုင်းဖြတ်ကြစေလိုပါတယ်)

(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ပုံမှန်မဟုတ်ရယ်လို့ မရှိပါ

အရွယ်အမျိုးမျိုး အမျိုးသားများဟာ မကြာခဏဆိုသလို “တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆိုးကျိုးတစ်စုံတစ်ရာများ ရှိနေမလား၊ ပုံမှန် (normal) မှဟုတ်ရဲ့လား၊ ငါ့စိတ် ငါ့ကိုယ်ကပဲ မှားနေတာလား” ဆိုပြီး သံသယပေါ်ပေါ်လာကာ စူးစမ်းစိတ် ၀င်လာတတ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် တကယ့် ဆေးပညာရှင်များကတော့ ပုံမှန် နဲ့ ပုံမမှန် (normal against abnormal) ဆိုပြီး ခွဲခြားပြဖို့ မလုပ်ချင်ကြပါဘူး။ ဘာလို့လဲ ဆိုတော့ ပုံမှန် နဲ့ ပုံမမှန်ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် စံနှုန်း အနေနဲ့ ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာလို့ မရပါဘူး။

ရှင်းအောင် ပြောရရင် ပုံမှန် နဲ့ ပုံမမှန် ဆိုတဲ့ အဓိပ္ပာယ်နှစ်ခု စလုံးကို မရှိတာပါ။ (လုပ်ချင်လုပ်၊ မလုပ်ချင်နေ လုပ်ခြင်းရော မလုပ်ခြင်းမှာပါ ကြီးမားတဲ့ ပြဿနာ မရှိဘူး လို့ ဆိုလိုပါတယ်) ကောင်းကျိုး ဆိုးကျိုး (အဓိကပြောချင်တာကတော့ ဆိုးကျိုး ဆိုပါတော့) တွေဟာ အကြိမ်အရေအတွက်နဲ့ လုပ်ပုံလုပ်နည်းတွေ ကြောင့်သာ ကွဲပြားကြရတာ ဖြစ်ပါတယ်။


“ကျွန်တော်တို့ လူသားတွေကြားမှာ စံသတ်မှတ်ချက် အတိုင်းအတာတွေ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ အရမ်းကို ကွဲပြားခြားနားနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကိုက သဘာဝလည်း ဖြစ်ပါတယ်” လို့ နယူးယော့ခ် အခြေစိုက် လိင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Sexologist) တစ်ယောက်ဖြစ်သူ ဒေါက်တာ Betty Dodson က ပြောပြခဲ့ပါတယ်။ သူဟာ နာမည်ကျော် စာအုပ်တစ်အုပ် ဖြစ်တဲ့ Sex for One ဆိုတဲ့ စာအုပ် ရေးသားသူလည်း ဖြစ်ပါတယ်။ (Sex for One ကို တစ်ဦးတစ်ယောက်စီအတွက် လိင်မှုဘ၀ လို့ဘာသာပြန်ရင် ဆီလျော်မယ်ထင်ပါတယ်)


နောက်ပညာရှင် တစ်ယောက်ဖြစ်တဲ့ The Big Book of Masturbation စာအုပ်ရဲ့ စာရေးသူ Martha Cornog ကလည်း “အမျိုးသားတိုင်း နီးပါးဟာ တစ်ကိုယ်ရေ ဆန္ဒဖြေခြင်းကို လက်ကိုသုံးလို့ ဖြစ်စေ၊ တစ်ခုခုနဲ့ ပွတ်သပ်လို့ ဖြစ်စေ၊ လိင်ဖျော်ဖြေရေး ကိရိယာ (sex toy) တစ်ခုခုကို ဒါမှမဟုတ် အခြား အိမ်ထဲက ရရာ တစ်ခုကို သုံးလို့ ဖြစ်စေ၊ စာအုပ် ရုပ်ပုံ ဗီဒီယို စတာတွေ ကြည့်ပြီး ဖြစ်စေ ခန္ဓာကိုယ်နေဟန် အမျိုးမျိုးနဲ့ လုပ်ကြတာ ချည်းပါပဲ။ တချို့ဆို မှန်ထဲတောင် ကြည့်ပြီး လုပ်ဖူးကြပါတယ်” လို့ ရှင်းပြပါတယ်။

ဒီနေရာမှာ အရမ်းအရမ်း အရေးကြီးတာ တစ်ခု ပြောပြရရင် မှန်ထဲကြည့်ပြီး အာသာဖြေတယ် ဆိုရာမှာ ကိုယ့်ပုံရိပ်ကို ကိုယ် ကြည့်ပြီး လုပ်တယ်ဆိုရင် ပြဿနာ မရှိဘူး။ ဒါဟာ သဘာဝအတိုင်း ဖြစ်ပါတယ်။ အကယ်၍ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ဟာ မိန်းမအ၀တ်အစားတစ်ခုခု ဥပမာ အတွင်းခံ စတာတွေကို ၀တ်ပြီးမှ မှန်ထဲမှာ ကြည့်ပြီး လုပ်တတ်တာဆိုရင်တော့ ဒါဟာ လုံးဝလုံးဝ ပုံမှန်မဟုတ်တဲ့ လိင်ဆိုင်ရာ အမူအကျင့် တွေထဲက တစ်ခု (one of the abnormal sexual behaviors) ဖြစ်ပါတယ်။ စိတ်ရောဂါ တစ်မျိုး ဖြစ်ပြီး ရှိမှန်း သိနေရင် ကုသဖို့ လိုအပ်ပါတယ်။ ထပ်ပြီး အသေးစိတ် ပြောရရင် ငယ်ငယ်က အပေါင်းအသင်းနည်းပြီး အိမ်ပြင် သိပ်မထွက်ရတဲ့ မိဘက အရမ်းချုပ်ခြယ်တဲ့ ကောင်လေးအချို့မှာ ဒီအမူအကျင့်မျိုး ရှိနေတတ် တယ်လို့ ပညာရှင်များ ဆိုပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ၁၃ နှစ်မကျော်သေးတဲ့ ကောင်လေးတွေမှာ ဒီအပြုအမူမျိုးတွေ တွေ့ရင် abnormal လို့ ချက်ချင်း စာရင်းမသွင်းသေးဘဲ စောင့်ကြည့်ရင်း အရွယ်ရောက်လာရင် အလိုလို ပျောက်သွားတတ်တာကိုလဲ တွေ့ရပါတယ်။ မပျောက်သွားမှသာ ရောဂါ ဖြစ်ပါတယ်။

(ဒီလို ပြဿနာမျိုးကနေ စလို့ ဘယ်လို ပြဿနာမျိုး ဖြစ်ဖြစ် တိုင်ပင် ကုသ ပျောက်ကင်းချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ အတော်ဆုံး Sexologist တစ်ယောက် ဖြစ်တဲ့ ဒေါက်တာသီဟသစ်ရဲ့ Two-Body-Tiger Specialist Clinic မှာ သွားရောက် ပြသနိုင်ပါတယ်။ ဤကား စကားချပ်) Tongue out

(၂) တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အလွန်အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ၁၀၀% ဘေးကင်းတာတော့ မဟုတ်ဘူး။

အဖော်တစ်ယောက်ယောက်နဲ့ ဆက်ဆံတာနဲ့မတူဘဲ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်ကို ဘယ်လို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါမျိုး ကိုမှ မပေးပါဘူး။ အဖော်နဲ့ ဆက်ဆံခြင်းမှာ ရနိုင်တဲ့ ကိုးရိုးကားယားနိုင်တဲ့ ကြွက်သားညောင်းညာမှု တွေကိုရစရာ အကြောင်းကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုံးဝ ဘေးကင်းတဲ့ ကိစ္စပါလို့တော့ အာမမခံနိုင်ပါဘူး။

“တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ရှိသမျှ နည်းလမ်းတွေထဲမှာ အန္တရာယ် အကင်းဆုံး လို့ပဲ ပြောနိုင်တာပဲ ရှိပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်လိုက်လို့ ခန္ဓာကိုယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ဇီဝပိုင်းဆိုင်ရာ မှန်ကန်မှု နိယာမတွေ ရပ်ဆိုင်း သွားမှာတော့ မဟုတ်ပါဘူး” လို့ Cornog ကဆက်ပြောပြပါတယ်။

အကြိမ်အရေအတွက် များများ (သို့) ကြမ်းတမ်းစွာ တစ်ကိုယ်ရည် အာသာဖြေခြင်းကတော့ လိင်တံရဲ့ အရေပြားကို ထိခိုက်ပွန်းပဲ့စေတယ် ဆိုတာ အမျိုးသားတိုင်း သိကြမှာပါ။ ဒီနေရာမှာ သာမန်လုပ်နေကျ လက်နဲ့မျိုး မဟုတ်ဘဲ အပြားအချပ် တစ်ခုခု၊ ခေါင်းအုံး သို့မဟုတ် အောက်ခံအခင်း တစ်ခုခုကို ဆန့်ကျင်တွန်းခြင်း စတဲ့ နည်းတွေနဲ့ လုပ်ရင်တော့ ဆီးလမ်းကြောင်း (urethra) ကို ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။

အဲလို ဖြစ်ရင် သိသာတဲ့ လက္ခဏာတွေက ဆီးသွားရင် နာခြင်း၊ စသွားသွားခြင်းမှာ သွေးရောင်ပါပြီး နောက်ပိုင်းမှာ မပါတော့ခြင်း၊ ဆီးထွက်ခြင်းသည် ပိုက်မှ ထွက်သကဲ့သို့ ရေစီးကြောင်းပုံစံ မဟုတ်ဘဲ ကျဉ်းကျပ်သော မူမမှန်လမ်းကြောင်းကို တွန်းထွက်ရသလိုမျိုး (spray ဖျန်းသကဲ့သို့ဟု ပညာရှင်များက ဥပမာပေးထားသည်) ဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်သွားတဲ့ လူအချို့ဆို ထိုင်လျက် မတ်တပ်ရပ်လျက် ဘယ်လိုမှကို ဆီးသွားလို့ မရတော့ဘဲ အရမ်းနာနေတတ်ပါတယ်။ ဒါဆို ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါပြီ။ ဒါပေမဲ့ ဒီလောက်ထိ ဖြစ်သွားတာကတော့လည်း ရှားပါတယ်။

အရမ်းအရမ်းဆိုးတဲ့ ကိစ္စတွေမှာ ဆိုရင်တော့ လိင်တံတောင် ကျိုးနိုင်ပါသေးတယ်။ အမျိုးသား တန်ဆာရဲ့ ရေမြှုပ်ဆန်တဲ့ တစ်သျှူးအလွှာများကို ဖုံးအုပ်ပေးထားတဲ့ အဖြူရောင် tunica albuginea ဆိုတဲ့ အလွှာအထိ စုတ်ပြဲသွားတာ ဖြစ်ပါတယ်။ အရမ်းကို နာကျင်တဲ့ အခြေအနေ တစ်ရပ်ပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ စတန့်ထွင်ပြီး လုပ်လို့ မာတောင့်နေတဲ့ တန်ဆာကို မာကျောတဲ့အရာဝတ္ထု တစ်ခုခုနဲ့ မတော်တဆ ရိုက်မိလို့ ဖြစ်စေ၊ အောက်ကို လှန်ချိုးလိုက်မိလို့ ဖြစ်စေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ ဘေးကင်းချင်တယ်ဆိုရင်တော့ ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားတွေ သိပ်မလုပ်ကြပါနဲ့၊ ထူးဆန်းထွေလာ ဟိုအရာ တွေ သိပ်မသုံးကြပါနဲ့၊ တော်ကြာ ထူးထွေတည့် အံ့ရာသော် အဖြစ်တွေ ကြုံနေရဦးမယ် လို့ ကျန်းမာရေးသတိ ပေးချင်ပါတယ်။ အဖော်နဲ့မှာလည်း ဖြစ်တတ်လို့ သတိထားသင့်ပါတယ်။

(မြန်မာပြည်မှာတော့ ဒါမျိုးတွေက တော်တော်ရှားပါသေးတယ်။ နောင်တော့လဲ ပြောမရဘူးပေါ့။ ဒါမျိုးတွေလာရင် အရေးပေါ် ချုပ်၍ပြုပြင်ပေးခြင်း Emergency Repair လုပ်ပေးတတ်အောင် ဆရာဝန်တွေ ကျင့်ထားသင့်ပါတယ်။ စကားမစပ် ထပ်ပြောရရင်တော့ ဘေးကင်းတဲ့ ချောဆီလို ဟာမျိုးကတော့ ပညာရှင်တွေ တားမြစ်ထားတဲ့ အထဲမှာ မပါပါဘူး)

(၃) တစ်ဦးတည်း ဆန္ဒဖြေဖျောက်ခြင်းဟာ လိင်မှုဘ၀မှာ စွမ်းအား အလေ့အကျင့်တစ်ရပ် ဖြစ်စေပါတယ် (သို့) ပျက်စီးဆုံးရှုံးစေပါတယ်

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အဖော်နဲ့ကျရင် တကယ်ကောင်းမွန်တဲ့ အဖြစ်ကို ရစေတယ်ဆိုတဲ့၊ တကယ့် ဆုလာဘ် (real boon) ကိုရစေတယ်ဆိုတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။
ဒါဟာ အမျိုးသားတစ်ဦးချင်းစီကို မိမိရဲ့ တုန့်ပြန်မှု အနှေးအမြန်ပုံစံ ကို သိရအောင် သင်ကြားပေးပါတယ်။ ဘယ်လိုခံစားချက်ဆိုရင် သာယာတယ်၊ မသာယာဘူး၊ ဘယ်လိုခံစားချက် လာပြီး နောက်ဆိုရင် ပြီးဆုံး တတ်တယ် စတဲ့ တန်ဖိုး ရှိတဲ့ အချက်တွေကို သိရှိစေပါတယ်။ ဒါဟာ အဖော်နဲ့ ပွင့်လင်းစွာ စကားပြောတဲ့အခါမှာ နှစ်ဦးနှစ်ဖက် သူ့အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းနိုင်ခြင်း၊ အထွတ်အထိပ် ခံစားချက် (orgasm) မရောက်ခင်လေးတင်မှာ ရှိတဲ့ “ရှောင်လွှဲမရသော အခိုက်အတန့်” (moment of inevitability) မှာ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်နိုင်အောင် အလေ့အကျင့် ဖြစ်စေတဲ့အတွက် အချိန်မတန်မီ သုက်လွှတ်ခြင်း (premature ejaculation) ကိုလည်း ဟန့်တားရာမှာ အကျိုးရှိစေ ပါတယ်။

နောက်ထပ် အရေးကြီးဆုံး အချက်လို့ ဆိုနိုင်တဲ့ အချက်တစ်ချက်ကတော့ ဒါဟာ အမျိုးသားတိုင်းအတွက် အဖော်နဲ့ တူတူနေလို့ ယာယီ မရနိုင်သေးခင်မှာ ကိုယ့်ကိုယ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်တဲ့ နည်းလမ်းဖြစ်စဉ် တစ်ရပ် ဖြစ်တာပဲ ဖြစ်ပါတယ်။ (နို့မို့ ရာဇ၀တ်မှုတွေ ကူးစက်ရောဂါတွေဆီကို ဦးတည်သွားနိုင်စေကြောင်း တွေးကြည့်လို့ ရပါတယ်)

ဗဟုသုတအနေနဲ့ ဖော်ပြရရင် အချို့ အမျိုးသမီးတွေက အမျိုးသားတွေ ခေါ်သလောက် မလိုက်နိုင်ကြပါဘူး။ အလွန်ဆုံး နှစ်ခါထက် ပိုစိတ်မပါတော့ဘဲ ဒါမှမဟုတ် ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကို အကြိမ်အရေအတွက် နှစ်သက်မှုကွာဟချက် (disparity in frequency preference) လို့ ခေါ်ကြောင်းပါ။

ဒီလို ဖြစ်နေရင် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ထက် အရှက်အကြောက်ကြီးမှု၊ အတွေ့အကြုံနည်းမှု၊ မ ဟော်မုန်းအားနည်းမှု၊ အိမ်မှုကိစ္စပင်ပန်းမှု၊ စိတ်ဖိစီးမှု စတဲ့ အချက်တွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ထွေထွေထူးထူး ဆေးကုဖို့ မလိုပါ။ အာဟာရမျှအောင် စားပေးပြီး အထက်ပါအချက်တွေကို စဉ်းစားစစ်ဆေး ပြုပြင်ပေးလိုက်ရုံနဲ့ နှစ်ဦးကြားက ကွာဟချက် ကျဉ်းမြောင်း သွားပါလိမ့်မယ်။


အချို့အမျိုးသားတွေကျတော့ သူတို့ရဲ့ အဖော်နဲ့ တူတူနေရခြင်းအပေါ်မှာ စိတ်ပါဝင်စားမှု လျော့နည်းစပြုလာတဲ့အတွက် တစ်ကိုယ်တော်လိင်မှုကိစ္စ (solo sex) အပေါ် စွဲလမ်းခုံမင် လာတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုတင်းချက်ရှိလာလို့ အဖော်နဲ့ ခွဲခြားနေထိုင်လိုစိတ် ပေါ်လာခြင်းဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး၊ အိမ်ထောင်ရေးမှာ အနုတ်လက္ခဏာ ဆောင်စေမလားလို့ တော်တော်များများ သံသယ ရှိတတ်ပါတယ်။ ဒါကြောင့် ပါရဂူတွေက ဒီအချက်ကို အလျင်အမြန် စမ်းသပ် စစ်ဆေး ဖော်ထုတ်ခဲ့ကြရာမှာ တွေ့ရှိရတာကတော့ အိမ်ထောင်သို့မဟုတ် လက်ရှိလက်တွဲဖော် ရှိနေရင်တောင်မှ အမျိုးသားတွေရဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ချွတ်ယွင်းချက်မဲ့ ပြဿနာမရှိ (perfectly OK) ပါတဲ့။

သူတို့ ပြောချင်တဲ့ နှစ်ချက်က
(၁) အဖော် (သို့) အိမ်ထောင်ရှိနေတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ကိုယ်ရည် အာသာဖြေတယ် ဆိုရင် သူ့နဲ့ အဖော်ကြားမှာ အိမ်ထောင်ဖက်နဲ့ ကြားမှာ ပြဿနာတစ်စုံတစ်ရာ ရှိတယ်လို့ မဆိုနိုင်ပါဘူး။
(၂) အဲလိုလုပ်လို့လည်း အဖော်အပေါ်မှာ ငြီးငွေ့စိတ်ကုန်သွားခြင်း ဖြစ်စေနိုင်ခြင်း မရှိပါဘူး……..တဲ့။

(၄) အချို့သော တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းများသည် ပန်းသေ ပန်းညှိုးခြင်းအထိ ဖြစ်စေနိုင်သည်။

ပုံမှန်အဖော်နဲ့ ရတဲ့ လှုံ့ဆော်မှုမျိုးတွေနဲ့ မတူတဲ့ လှုံ့ဆော်မှု ပုံစံတွေသုံးပြီး ခဏခဏ ရအောင် နှိုးဆွတတ်တဲ့ (ဥပမာ တန်ဆာကို တစ်ခုခုနဲ့ မြန်မြန်ရိုက်တာ၊ အရမ်းညှစ်တာ၊ အရမ်းပွတ်တာ စတဲ့နည်းလမ်းတွေ လုပ်တတ်တဲ့) အမျိုးသားတွေဟာ သုက်လွှတ်မြန်တတ်တာ သုက်လွှတ်နည်းတတ်တာတွေ ဖြစ်တတ်ပါသတဲ့။ အထွတ်အထိပ်ခံစားမှု ရတာ ခဏလေးပဲ ခံစားရပြီး ခံစားချက်က မြင့်မားကောင်းမွန်ခြင်းလည်း လျော့နည်းသွားပါသတဲ့။

(ကျွန်တော့် အရင်းအနှီးဆုံး ငယ်သူငယ်ချင်း နှစ်ယောက်လောက်တောင် ဒီလိုဖြစ်ဖူးလို့ ကျွန်တော် တိုင်ပင်ဆွေးနွေး ကုသပေးခဲ့ ဖူးပါတယ်။ တကယ်ကို ဆိုးတဲ့ အဖြစ်ပါ။ ပြီးလို့ ပြီးမှန်းလည်း မသိ၊ သုက်သာလွှတ်သွားတယ် ကျေနပ်မှု အပေါ်တဲ့ အဖြစ်ပါပဲ)

“ဒါကြောင့် ပန်းသေပန်းညှိုး ဖြစ်လာတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီမေးခွန်း ပြန်မေးသင့်ပါတယ်။ အဖော်ရဲ့ လက်၊ ပါးစပ်၊ မ အင်္ဂါ စတာတွေက ရတဲ့ လှုံ့ဆော်မှုနဲ့ မတူတဲ့ လှုံ့ဆော်မှုတွေ သုံးပြီး တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်မိနေလား ဆိုတဲ့ မေးခွန်းပါ” လို့ နယူးယောက်မြို့ Weill Cornell ဆေးပညာကောလိပ်ရဲ့ မျိုးဆက်ပွားဆေးပညာ၊ ဆီးလမ်းကြောင်းဗေဒနဲ့ စိတ်ရောဂါကုပညာ ဌာနတို့ရဲ့ ဆေးကုသရေးတွဲဖက်ပါမောက္ခ ဒေါက်တာ Michael A. Perelman က သတိပေးပြောကြားပါတယ်။ သူဟာ လိင်မှုရေးရာ ကုထုံးနှင့် သုတေသနအဖွဲ့အစည်း (Society for Sex Therapy and Research) ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

သူက ဆက်ပြောပါတယ်။ “ဒါကြောင့် ဒီအမျိုးသားဟာ သူ့ရဲ့ ပိုခံစားရစေတဲ့ ပိုကြိုက်တဲ့ အနေအထားတွေကို အဖော်ကို ပြောပြဖို့နဲ့ သူ တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်နေတဲ့ နည်းလမ်းက ရတဲ့ အာရုံခံစားချက်တွေ သူ့အဖော်ဆီကရတဲ့ ပုံစံနဲ့ တူအောင် လုပ်သင့်ပါတယ်။ ဆက်ပြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်တော့ပါဘူး။

(၅) တစ်ကိုယ်ရည် အာသာဖြေခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဆက်စပ်မှု

ဒီဆက်နွယ်မှုဟာ အခုအချိန်အထိ အတန်ငယ်ေ၀၀ါးနေဆဲပဲ ဖြစ်ပါတယ်။ ခိုင်မာသေချာတဲ့ နောက်ဆုံးပေါ် တွေ့ရှိချက်တွေကို တင်ပြပေးလိုက်ပါတယ်။

အရွယ်ငယ်စဉ်တုန်းက မကြာခဏ တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်ပေးခြင်းဟာ အသက်ကြီးချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်းကို လျှော့ချပေးနိုင်ကြောင်း BJU International စာစောင်မှာ သြစတြေးလျား သိပ္ပံပညာရှင်များက ၂၀၀၃ ခုနှစ် တုန်းက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ ရောက်တော့ အမေရိကန်ဆေးပညာအသင်း ဂျာနယ်မှာ ဒီလိုဆက်စပ်မှုမျိုး အကျိုးသက်ရောက်မှုမျိုး မရှိဘူးလို့ ပြန်လည် ငြင်းဆိုကြပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆီးကျိတ်ကင်ဆာ (သို့) ဆီးကျိတ်ကြီးရောဂါကို တကယ်လျှော့ချပေးနိုင်ကြောင်း ခိုင်ခိုင်မာမာ ဆက်စပ် တွေ့ရှိတဲ့ စာတမ်းတွေဘက်ကတော့ အင်အားပိုများလာနေသလိုပါပဲ။

ကျွန်တော့်ရဲ့ ဆေးပညာအမြင် နှင့် ဆွေးနွေးချက်

တစ်ကိုယ်ရည် အာသာဖြေခြင်း မလုပ်ရင် လူငယ်အများစုမှာ အရွယ်ရောက် နောက်ကျတတ်ပါတယ်။ (ဒီတစ်ချက်ကလည်း မျိုးရိုးဗီဇ၊ မိဘဂရုစိုက်မှု၊ ဥာဏ်ရည်၊ အပေါင်းအသင်း စတဲ့ များစွာသော အချက်တွေ အပေါ်တော့ မူတည်နေပါတယ်။ ကျွန်တော်က ယေဘုယျသဘော ပြောတာပါ)
ဒီလို ကလေးစိတ်မကုန်သေးတဲ့ ကောင်လေးတွေဟာ အရွယ်ရောက်ပြီးသား ကောင်လေးတွေလောက် ဆန့်ကျင်ဖက်လိင်အပေါ် အာရုံမရှိသေးတဲ့ အတွက် လူပေါ်လူဇော် ဖြစ်ချင်စိတ်နည်းကြတာ တွေ့ရပါတယ်။ ဥပမာ ကျောင်းစာအဆင့်၊ အားကစား၊ လူမှုရေးပါဝင်လိုမှု၊ ပရိသတ်အလယ် ထွက်ရဲမှု စတာတွေမှာ အားနည်းချက် ရှိတာကို တွေ့ရပါတယ်။

ဒါတွေမှာ မမြင့်လို့ စိတ်ဖိစီးမှုတွေရှိလာပြီး အပေါင်းအသင်းတွေကြားမှာ အံဝင်ခွင်ကျ မဖြစ်တော့ဘဲ ဘေးရောက်သွားတတ်ပါတယ်။ မိန်းကလေးတွေနဲ့လည်း အဆင်မပြေ၊ ယောက်ျားလေးအချင်းချင်းလည်း အကြောမတည့် ဖြစ်နေပြီး နောက်ပိုင်း သူတို့ အရွယ်ရောက်လာကြရင်တောင် ဒီအတွေ့အကြုံတွေဟာ သူတို့ဘ၀မှာ အနုတ်လက္ခဏာ သက်ရောက်မှု ရှိတာ တွေ့ရပါတယ်။ ကျွန်တော် အခုပြောတဲ့အချက် မှန် မမှန် သေချာစဉ်းစားကြည့်ရင် လူအများစုအတွက် မှန်တာတွေ့ရပါမယ်။

ဆီးကျိတ်ကြီးခြင်းဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်အခြေအနေ တစ်ရပ် ဖြစ်ပြီး ဆီးကျိတ်ကြီးရာကနေလည်း ဆီးကျိတ်ကင်ဆာ ဖြစ်သွားတတ်ပါတယ်။ များသော အားဖြင့်တော့ ခွဲစိတ် ဆေးသွင်း ကုသရင် ပျောက်ကင်းတာမို့ အရမ်းတော့လည်း မကြောက်ကြပါနဲ့။
ကင်ဆာဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်ဖြစ် ဘာကင်ဆာဖြစ်ဖြစ် အကုန်လုံးဟာ အချက်တစ်ချက်တည်း အပေါ်မှာ အခြေမခံဘဲ အချက်အများကြီးကြောင့် ဖြစ်ရသော (multi-factorial) ရောဂါအမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုချင်တာက တစ်ကိုယ်ရည် အာသာဖြေခြင်းက ကာကွယ်နိုင်သည် ဖြစ်စေ ပိုဖြစ်စေနိုင်သည် ဖြစ်စေ သိပ်ပြဿနာမရှိပါဘူးလို့။ ကျန်တဲ့ အစားအသောက် အနေအထိုင်၊ ဓာတုအဆိပ်တွေ ကိုယ်ထဲဝင်ရောက်မှု၊ ဓာတ်ရောင်ခြည်သင့်မှု စတဲ့အချက်တွေကပိုအဓိကကျတာမို့ ဆီးကျိတ်ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် http://www.mutdfan.com/viewnews.php?id=5871 မှာဖော်ပြထားတဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်ပေးပါ။



နေ့စဉ် အသီးအရွက်များများစား၊ အားကစားလေး အဆင်ပြေသလိုလုပ်၊ ဓာတုပစ္စည်းတွေ ပါတဲ့ ရယ်ဒီမိတ် အစာတွေ ဆိုးဆေးတွေ တတ်နိုင်သမျှ ရှောင်ကြဉ်သွားမယ်၊ ဆေးလိပ် လုံးဝမသောက်ဘူး၊ အရက်လျော့သောက်မယ်၊ အကောင်းမြင်စိတ်လေးနဲ့ နေသွားမယ်၊ ဇီဝိတဒါနတွေဖြစ်တဲ့ (တကယ်လိုအပ်သူကို ဆေးလှူခြင်း၊ သတ္တ၀ါများကို ကျွေးမွေးခြင်း၊ လွှတ်ပေးခြင်း) တွေ မှန်မှန် လုပ်ပေးသွားမယ်ဆိုရင် ဆိုရင် ဆီးကျိတ်ကင်ဆာမှု မဟုတ်ပါဘူး ဘယ်ကင်ဆာမဆို ဝေးမှာ ဖြစ်ပါတယ်။

ကင်ဆာသည် ၀ဋ်နာကံနာဆိုးတစ်မျိုး ဖြစ်သည့်အတွက် အတိတ်ကံကို ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်ကံကို ကောင်းအောင် လုပ်ပေးသွားမယ်ဆိုရင် အတိတ်က အကုသိုလ်ဝဋ်ကျွေးတွေ အဟောသိကံ (အကျိုးပေးခွင့်မရတော့ခြင်း) ဖြစ်သွားနိုင်ပြီး မြတ်စွာဘုရားလက်ထက်က အနာမဲ့သူ ရှင်ပါကူ လို နေနိုင်သွားမှာ သေချာပါတယ်လို့ ကံ ကံ၏ အကျိုးကိုပါ ဝေဖန်တင်ပြပေးလိုက်ပါတယ်။
Last Updated at 2010-06-19 on 06:34:32 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ ဘောလုံး မဟေသီများ




ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆိုသည်မှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော အားကစားပွဲတော်ကြီး ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ သန်းချီများပြားသော ပရိတ်သတ်များ တောင်အာဖရိကသို့ ၂၀၁၀ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးရန် ရောက်ရှိနေကြသလို သန်းပေါင်းများစွာသော ပရိတ်သတ်များမှာလည်း ရုပ်မြင်သံကြားများမှ အားပေးကြည့်ရှုလျှက် ရှိနေကြသည်။ ထိုပရိတ်သတ်များထဲတွင် WAGsဟူ၍ အတိုကောက်ခေါ်ဝေါ်သော အများစိတ်ဝင်စားကြသည့် ဘောလုံးသမားများ၏ ဇနီးများနှင့် ချစ်သူမိန်းကလေးများလည်း အပါအ၀င်ဖြစ်သည်။

ထိုများစွာသော WAGs များအထဲမှ The Perfect World Cup WAG ဟု Bleacher Report မှ ဆောင်းပါးရှင် Thomas Delatte က ရွေးချယ်ဖော်ပြထားခြင်းကို ပရိတ်သတ်များအတွက် စိတ်အပန်းပြေစရာအဖြစ် တင်ပြပေးလိုက်ရပါသည်။

ယခုဖော်ပြထားသူများထဲမှ အချို့မှာ သူတို့၏ ချစ်သူကစားသမားများနှင့် တွေ့ဆုံရန် တောင်အာဖရိကသို့ ရောက်ရှိနေခြင်း မရှိပါ။ အတူမနေကြတော့၍သော်လည်းကောင်း၊ ကွာရှင်း၍သော်လည်းကောင်း၊ သို့မဟုတ် အင်္ဂလန်အသင်းသားများ၏ ချစ်သူဖြစ်နေသောကြောင့်သော်လည်းကောင်း တောင်အာဖရိကသို့ ရောက်ရှိမနေကြခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် ဆွဲဆောင်မှု အရှိဆုံးသော WAGများကို စုစည်းဖော်ပြထားသည့် အစီအစဉ်ဖြစ်သည်။ mutdfan.com ပရိတ်သတ်များ ရှုစားကြပါစို့လား... ...။

ဆွဲဆောင်မှုအရှိဆုံး ဆံပင်ပိုင်ရှင် ။ ။ မီရှဲလ် မာ့ရှ်
Michelle-marsh-i122482_display_image
မီရှဲလ်မာ့ရှ်မှာ ပလေးဘွိုင်မဂ္ဂဇင်းမှ မက်ဇင်းမ်အထိ အလှစာမျက်နှာ အတော်များများတွင် နေရာယူထားသူ မော်ဒယ်လ်တစ်ယောက် ဖြစ်သည်။ အင်္ဂလန်၏ နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်ပြီး မိုရ်ကမ်ဘီ ဘောလုံးကလပ်မှ ၀ီလ်ဟိုင်းနင်းဆိုသူ ဘောလုံးသမား၏ ဇနီးဖြစ်သည်။ သူမ၏ ရွှေအိုရောင် ဆံကေသာအလှမှာ အခြား WAGများ မနာလိုစရာ ဆွဲဆောင်မှု ရှိလှသည်။

ဆွဲဆောင်မှုအရှိဆုံး မျက်လုံးအလှပိုင်ရှင် ။ ။ လော်ရန်နာဘာရယ်

1249820722_lorenabernal_01_display_image လော်ရန်နာဘာရယ်ကား စပိန်အလှမယ်ဟောင်း (Miss Spain)ဖြစ်ပြီး အဲဗာတန်မှ မိုက်ကယ်အတီတာနှင့် လက်ထပ်ထားသူ ဖြစ်သည်။ အားလုံးသော WAGများထဲတွင် မျက်လုံးအလှဆုံး ဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး နှာခေါင်းအလှပိုင်ရှင် ။ ။ ဖက်ဒရီကာ ရီဒိုလ်ဖီ

041federicaridolfi_display_image ယခု ကမ္ဘာ့ဖလားဝက်ဂ်၏ အလှမှာ သူ့မျက်နှာမှ နှာခေါင်းအလှ မပါဘဲ မပြည့်စုံဟု ဆောင်းပါးရှင်က ဆိုသည်။ ဂွီလီယာနို ဂျီယန်နီချီဒါ၏ ချစ်သူဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး ပြုံးအလှပိုင်ရှင် ။ ။ အက်ဒီတာဟော်တိုဗာ

Editahortovamilanbaros_display_image (အပြုံးကို မမြင်ဘဲ ရှားစောင်းပင်ကိုပဲ မျက်စိမကျပါနှင့်။) လီဗာပူးလ် ကစားသမားဟောင်း မီလန်ဘားရို့စ်၏ ချစ်သူဖြစ်သည်။ ၂၀၀၅ ဥရောပမယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်၏။

ဆွဲဆောင်မှုအရှိဆုံး မေးရိုးအလှပိုင်ရှင် ။ ။ ဧဗာ ဂွန်ဇာလက်ဇ်

Eva-gonzalez_display_image အင်ဂျီလီနာဂျိုလီက ယခုဓါတ်ပုံကို မြင်မြင်ချင်းမှာ ညှို့အားပြင်းမျက်နှာပိုင်ရှင်ကို မနာလိုဖြစ်ခဲ့ရသည်ဟု ဆို၏။ စပိန်ကြယ်ပွင့် ကာဆီးလပ်စ်၏ ချစ်သူတစ်ယောက်ဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး လည်ပင်းအလှပိုင်ရှင် ။ ။ ဘီယန်ကာကက်လိခ်ျ

Bianca-maxim-100_display_imageဘီယန်ကာကက်လိခ်ျမှာ ရုပ်မြင်သံကြားဇာတ်လမ်း Rules of Engagement ကြောင့် လူသိများခဲ့ရသည်။ ယူအက်စ်ကြယ်ပွင့် လန်ဒန်ဒိုနိုဗန်၏ ဇနီးချောဖြစ်သည်။ သူ၏ လည်ပင်းအလှက ဆွဲဆောင်မှုရှိလှပြီး နာမည်ကျော်ရုပ်ရှင်ကား Twilight မင်းသမီးနှင့် ခိုင်းနှိုင်းကြသည်။

ဆွဲဆောင်မှုအရှိဆုံး ပခုံးအလှပိုင်ရှင် ။ ။ အယ်လီနာ ဆာရီဒိုဗာ

Alena-seredova-2_display_image ကမ္ဘာ့နံပါတ်တစ် ဂိုးသမား ဂျီယန်လွီဂီ ဘူဖွန်၏ ချစ်သူဖြစ်သည်။ ချက်ခ်နိုင်ငံ၏ အလှမိဖုရားဟောင်းလေး ဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး လက်မောင်းအလှပိုင်ရှင် ။ ။ အဘီဂယ်လ် ကလန်စီ
Abigail-clancy-arms_display_image အရပ် ၆ပေ ၇လက္မ ရှည်သည့် အင်္ဂလန်တိုက်စစ်မှူး ပီတာခရော့ခ်ျ၏ ချစ်သူဖြစ်သည်။ ဆောင်းပါးရှင်က Perfect World Cup WAGကို တည်ဆောက်ရန် စဉ်းစားစက ကလန်စီ၏ တစ်ကိုယ်လုံးကို ရွေးချယ်ချင်ခဲ့ကြောင်း ဆိုသည်။

ဆွဲဆောင်မှုအရှိဆုံး ရင်သားအလှပိုင်ရှင် ။ ။ ဂမ္မာ အက်ကင်ဆင်


Gemma-atkinson-1_display_image
နာမည်ကြီး ညှို့အားပြင်း WAG အက်ကင်ဆင်၏ ရင်သားအလှမှာ ပရိတ်သတ်များ ရှုမြင်ရသည့်အတိုင်းပင်။

ဆွဲဆောင်မှုအရှိဆုံး ၀မ်းဗိုက်အလှပိုင်ရှင် ။ ။ မာတီနာ ကိုလွန်ဘာရီ

Martinacolombari_468x643_display_image
အေစီမီလန် နောက်ခံလူဟောင်း အလက်ဇန္ဒရို ကော်စတာကာတာ၏ မိန်းမဖြစ်သည်။ လိင်ဆွဲဆောင်မှုအပြည့် ကိုယ်ခန္ဓာအလှဖြင့် မာတီနာ၏အလှက အခြားဝက်ဂ်များ မနာလိုစရာ။

ဆွဲဆောင်မှုအရှိဆုံး တင်အလှပိုင်ရှင်(ပူးတွဲ) ။ ။ ဇိုင်ရာနာရာ နှင့် အိုစ်ကာနာ အန်ဒါဆင်

Zaira-nara_display_image
တင်သားအလှပိုင်ရှင် ရွေးချယ်ရာတွင် ယခုနှစ်ယောက်အနက် တစ်ယောက်မှ ချန်လှပ်ရန်မသင့်ဟု ဆောင်းပါးရှင်က ယူဆသည်။ အပေါ်က အက်သလက်တီကို ဂိုးသွင်းစက် ဒီယေဂိုဖော်လန်၏ ချစ်သူ ဖြစ်သည်။ သူနှင့်ပူးတွဲ တင်အလှပိုင်ရှင်ကား အောက်တွင်ဖော်ပြထားသည့် ဆွီဒင်ကစားသမား ခရစ္စတီယန်ဝီဟမ်ဆင်၏ ချစ်သူ အိုစ်ကာနာအန်ဒါဆင်ဖြစ်သည်။

Oksana_andersson_15_display_image

ဆွဲဆောင်မှုအရှိဆုံး ခြေထောက်အလှပိုင်ရှင် ။ ။ ဂျော်ဂျီယာ ပါးလ်မာ့စ်

Giorgia_palmas_sexy_01_display_image ဒေးဗိတ် ဘွန်မ်ဘာဒီနီ၏ ချစ်သူမိန်းခလေးဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး ခြေသလုံးအလှပိုင်ရှင် ။ ။ အီလာရီ ဘလာစီ


Ilaryblasi_display_image
ီမိန်းမတစ်ယောက်၏ အလှ ပြည့်စုံဖို့ လှပချောမွတ်သည့် ခြေသလုံးတစ်စုံလည်း အရေးကြီးပါသည်။ ရိုးမားသူရဲကောင်း ဖရန်ဆစ္စကို တော့တီနှင့် လက်ထပ်ထားသူ ဖြစ်သည်။ အီတလီမှ လိင်ဆွဲဆောင်အားပြင်းလှသည့် ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး ခြေဖ၀ါးအလှပိုင်ရှင် ။ ။ အိုင်ဒါ ယက်စ်ပီကာ

Aidayespica_display_image မက်တီယို ဖာရာရီ၏ ချစ်သူဖြစ်ပြီး ပူလောင်သည့် ညှို့အားပြင်းအလှပိုင်ရှင်မလေး ဖြစ်သည်။ အလှမယ်ပေါများသည့် ဗန်နီဇွဲလားမှ မွေးထုတ်ထားသည့် The Perfect World Cup WAG ကို ပြည့်စုံစေသည့် မိန်းမချောလေးဖြစ်သည်။

ဆွဲဆောင်မှုအရှိဆုံး အသားအရေပိုင်ရှင် ။ ။ ဆယ်လ်ဗီ ဗန်ဒါဗတ်


Sylvievandervaart_display_image ဟော်လန်တိုက်စစ်မှူး ရာဖေးလ် ဗန်ဒါဗတ်၏ ဇနီးချော ဖြစ်၏။ ဆယ်လ်ဗီ၏ အရေပြားအလှဖြင့် အထက်တွင် ဖော်ပြခဲ့ပြီးသော ကိုယ်ခန္ဓာ အစိတ်အပိုင်း အလှများကို စုစည်းပေါင်းစပ် ပုံဖော်လိုက်လျှင် ပြီးပြည့်စုံသည့် Perfect World Cup WAG ကို အပြီးသတ်ပုံဖော်နိုင်ပြီ ဖြစ်ပါသည်။

ဆွဲဆောင်မှုအရှိဆုံး အလှအပများကို ခြေဆုံးခေါင်းဆုံး ဖော်ပြပေးလိုက်ခြင်းဖြင့် ပြည့်စုံသော ၀က်ဂ်အလှကို ရှုစားပြီး ကျွနုပ်တို့၏ ချစ်စွာသော mutdfan.com ပရိတ်သတ်များ စိတ်အပန်းပြေနိုင်ကြစေသောဝ်။


Last Updated at 2010-06-19 on 09:10:51 Translated by : ဟိဏ်းခန့် Mutdfan.com

Saturday 19 June 2010

ငါသာ

ငါသာ သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်
ကြွေပြလိုက်ချင်ပါရဲ့  ......
ငါသာ..ကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေရွာချလိုက်ချင်ပါရဲ့  ........
ကြည့်စမ်းပါဦး အခုတော့........
မင့်ကိုဆုံးရူံးရတော့မယ်ဆိုတဲ့ အသိက
ရင်မချိအောင်ခံစားလိုက်ရပုံများ
ဘာစကားမှပြောမထွက်တော့ဘူး လေ...
မင့်ကိုနုတ်ဆက်ဖို့ ငါ့လက်တွေထုံကြင်နေသလို.
မင့်ကို ခွဲခွာရဖို့ ငါမျက်လုံးတွေ ဝေဝါးနေရပြီ............
အဲဒါ ..အဲဒါ.. နှလုံးသားကပေါက်ဖွားလိုက်တဲ့
အချစ်သင်္ကေတ....အပြာရောင်မိုးစက်တွေလားဟင်..
ဘာမှမပြောဘဲခံစားနေရသူချင်းအတူတူ.
. ကောင်းကင်ကြီးကမှရွာချခွင့်ရပါသေးရဲ့ ..................
နွေဆူး(တန့်ဆည်)

Thursday 17 June 2010

ကြေကွဲချစ်

ရင်ခုန်သံတွေ တိတ်ဆိတ်
မှေးမှိတ်လို့ ကြေကွဲ
ပွင့်လင်းစွာ မချစ်ရဲခဲ့လို့
အလွမ်းမိုး မစဲခဲ့ရသူပါ။
ဖွင့်ဟလို့လည်း ပြောခွင့်မရှိ
ချစ်သူကလည်း မရိပ်မိလို့
လူမသိ အပူမိတဲ့ ဘ၀ထဲမှာ
ငိုပွဲ ဆင်ခဲ့ရသူပါ။
တဖက်သတ်ဆိုတဲ့အချစ်
အပြစ်မြင်မယ့်သူ ခပ်များများ
အားကိုစရာ အဖော်မဲ့
ငါလေ . . . သိက္ခာကိုပဲ ငဲ့နေရသူပါ။
အေးမြလှတဲ့ ငါ့မေတ္တာ
မင့်အသဲမှာ ဖြာချင်ပေမယ့်
လာခွင့်မရှိတဲ့ ငါ့အဖြစ်
ကြေကွဲချစ်လေးနဲ့ပဲ . . . ။

နွေဆူး (တန့်ဆည်)

Wednesday 16 June 2010

အလှဆုံး






WAGs တွေထဲမှာ ပီတာခရော့ခ်ျရဲ့ ချစ်သူက အလှဆုံး



ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်ပရာ တောင်အာဖရိကသို့ လာရောက် ပြိုင်ပွဲဝင်ကြသော ဘောလုံးသမားများ၏ ချစ်ဇနီးနှင့် ချစ်သူမိန်းခလေးများထဲတွင်မှ အဘေကလန်ဆေးအား WAGs ဘုရင်မအဖြစ် ဂျိမ်းကော်ဒန်က ဆိုလိုက်သည်။ Gavin and Staceyကြယ်ပွင့် ဖြစ်သူ ဂျိမ်းကော်ဒန်က လိင်ဆွဲဆောင်မှု အပြင်းဆုံးနဲ့ အတောက်ပဆုံးတွေ တပုံကြီးပါဘဲဟု ပြောသွားခဲ့ပြီး ၄င်းတို့အထဲကမှ ထိပ်ဆုံးမှ လိင်ဆွဲဆောင်မှု အရှိဆုံး သူကိုတော့ အင်္ဂလန်အသင်းနှင့် တော့တင်းဟမ်းဟော့စပါး အသင်း တိုက်စစ်မှူး ပီတာခရော့ခ်ျ၏ ချစ်သူ အဘေကလန်စီဆေးအား ရွေးချယ်လိုက်သည်။ ထိပ်တန်းအဆင့်ရှိ မော်ဒယ်များ အတွင်းခံကြော်ငြာ မော်ဒယ်များ တပုံတခေါင်းကြီး ရှိနေသည့် အထဲမှ အဘေသည် သူမ၏ ကောက်ကြောင်းများကို ထုတ်ပြဖို့ လုံးဝ ရှက်ရွံခြင်း အလျဉ်းမရှိချေ။ ခရောခ်ျဟာလည်း ကံကောင်းသူ ဘောလုံးသမား တစ်ယောက် ဖြစ်သည်။


အသက်၂၄နှစ်အရွယ် ရွှေရောင်ဖျော့တော့တော့ အရောင်ရှိသော ဆံနွယ်များပိုင်ရှင် ကလင်ဆေးသည် အရပ်ရှည်ရှည် အင်္ဂလန်တိုက်စစ်မှူး ပီတာခရော့နှင့် စေ့စပ်ထားပြီး ဖေဘီယိုကာပယ်လို၏ WAGs and World Cup စည်းမျဉ်း ထွက်ပေါ်လာပြီးနောက် တောင်အာဖရိကသို့ လိုက်ပါ အားမပေးတော့ဟု ဆုံးဖြတ်ချက် ချခဲ့သူလည်း ဖြစ်သည်။


ယခုအခါတွင် အဘေသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်လာပြီး အသက် ၃၁နှစ်အရွယ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆိုဖာမွေ့ယာကုတင် အေ၇ာင်းမြင့်တင်လျက်ရှိသော ဂျိမ်းကော်ဒွန်နှင့် ပူးပေါင်းကာ ယင်းအတွက် ကမ္ဘာတလွှားသို့ ကြော်ငြာရှိုးပွဲများ ပြုလုပ်ဖို့ ဆွေးနွေးလျက် ရှိနေသည်။ အဆိုပါ ဂျိမ်းကော်ဒွန်သည် ရီယိုဖာဒီနန်နှင့်လည်း သူငယ်ချင်း ဖြစ်လျက်ရှိနေပြီး စတီဗင်ဂျရတ်နှင့် ဂျွန်တယ်ရီတို့နှင့်လည်း ဂေါက်ရိုက်၊ ငါးမြှားခြင်းများဖြင့် အတူတကွ အချိန်ဖြုန်းခဲ့ဖူးပြီး ၄င်းတို့နှစ်ယောက်စလုံးမှာ အလွန်ပင် နောက်ပြောင်တတ်သူများဟု မှတ်ချက်ပြုသွားခဲ့သည်။


“ရီယိုနဲ့ ကျွန်တော် အခုဆို သူငယ်ချင်းကောင်းတွေ ဖြစ်နေပါပြီ၊ စတီဗင်ဂျရတ်နဲ့ ဂေါက်ရိုက်ဖူးပြီး ဂျွန်တယ်ရီနဲ့လည်း ညဘက် အတူသွားပြီး ငါးမျှားခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ လူနောက်တွေပါဘဲ”ဟု အရွန်းဖောက် ပြောကြားသွားခဲ့သည်။


Last Updated at 2010-06-16 on 17:50:55 Probe by : မှူးသခင် Mutdfan.com

 

blogger templates | Make Money Online