Tuesday 16 March 2010

မျက်စိရေတိမ်ရောဂါ ပညာရှင်များ တွေ့ရှိ

မျက်စိရေတိမ်ရောဂါသည် မျက်လုံးမှ စဖြစ်ခြင်းမဟုတ်ဘဲ ဦးနှောက်အလယ်ပိုင်းမှ စသည်ဟု ပညာရှင်များ တွေ့ရှိ

မျက်စိရေတိမ်ရောဂါသည် ဦးနှောက်အလယ်ပိုင်း (mid-brain) မှ အစပျိုးသော ရောဂါတစ်မျိုးဖြစ်ကြောင်းနှင့် ၄င်း၏ စဖြစ်ကာစ ရှေးဦးလက္ခဏာများကို မျက်လုံးအတွင်း ဝေဒနာများ မခံစားရသေးခင်ကတည်းက ဦးနှောက်အတွင်းတွင် ကြိုတင် စမ်းသပ်စစ်ဆေး နိုင်ကြောင်း လေ့လာချက် အသစ်တစ်ရပ်အရ သိရှိရသည်။

ယခုစမ်းသပ်ချက်မတိုင်ခင်က ရေတိမ်ရောဂါသည် မျက်စိတွင်းဖိအား မြင့်တက်လာသောကြောင့်သာ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆေးပညာရှင်ယူဆခဲ့ကြသည်။ ထို့ကြောင့် အမြင်အာရုံကြော နှင့် မျက်ကြည်လွှာတို့ အပါ် ဖိအားသက်ရောက် ပျက်စီးစေတတ်သောမျက်လုံးတွင်းဖိအားကို လျှော့ချခြင်း ကုထုံးနည်းလမ်းတစ်ခု ကိုသာ အဓိကထား၍ အားကိုးခဲ့ကြသည်။

ဤလေ့လာမှု၏ ဦးဆောင်သူ ဖြစ်သော Vanderbilt Eye Institute ၏ သုတေသနညွှန်ကြားရေးမှူး David Calkins နှင့် အဖွဲ့က ဦးနှောက်အလယ်ပိုင်း နှင့် အမြင်အာရုံကြောမှ စတင်လာသော ရေတိမ်ဖြစ်စေသည့် ယိုယွင်းမှုများကို ဓာတ်ခွဲခန်းတွင်း တိရိစ္ဆာန်များတွင် တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် ယခုတွေ့ရှိချက်မှ ယခင်နှင့် မတူညီသော ရေတိမ်ဖြစ်စေသော အကြောင်းရင်းများ တွေ့ရှိခဲ့ရခြင်းကြောင့် ပိုမိုပြီးပြည့်စုံသော ကုသမှုလမ်းကြောင်း (Treatment Approaches) များ ရရှိနိုင်တော့မည် ဖြစ်သည်။
Last Updated at 2010-03-15 on 23:24:01 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

0 comments:

 

blogger templates | Make Money Online