Saturday 20 March 2010

လပြည့်ည


လမင်းဟာ
ရွှေရောင်ဝတ်စုံ ဖြန့်ကားလို့
အပျိုစင်ရဲ့ ဣနြေ္ဒနဲ့ လမ်းလျောက်ထွက်ခဲ့တယ်။

ကြယ်လေးတွေကတော့ သူတို့ရဲ့
အရည်လဲ့မျက်လုံးလေးတွေနဲ့
အထိတ်တလန့် ငေးကြည့်လို့ပေါ့။

အရာအားလုံးဟာ
ငြိမ်သက်ခြင်းရဲ့ ကြမ်းပြင်ထိ
နစ်မြုပ်နေကြတယ်။

အဲဒီည…. ငါဟာ
လရောင်ကို ထိုင်မျှားရင်း
လရောင်ရဲ့ သားကောင်ဖြစ်ခဲ့တယ်။

နိုဝယ် (တန့်ဆည်)

0 comments:

 

blogger templates | Make Money Online