ထိုများစွာသော WAGs များအထဲမှ The Perfect World Cup WAG ဟု Bleacher Report မှ ဆောင်းပါးရှင် Thomas Delatte က ရွေးချယ်ဖော်ပြထားခြင်းကို ပရိတ်သတ်များအတွက် စိတ်အပန်းပြေစရာအဖြစ် တင်ပြပေးလိုက်ရပါသည်။
ယခုဖော်ပြထားသူများထဲမှ အချို့မှာ သူတို့၏ ချစ်သူကစားသမားများနှင့် တွေ့ဆုံရန် တောင်အာဖရိကသို့ ရောက်ရှိနေခြင်း မရှိပါ။ အတူမနေကြတော့၍သော်လည်းကောင်း၊ ကွာရှင်း၍သော်လည်းကောင်း၊ သို့မဟုတ် အင်္ဂလန်အသင်းသားများ၏ ချစ်သူဖြစ်နေသောကြောင့်သော်လည်းကောင်း တောင်အာဖရိကသို့ ရောက်ရှိမနေကြခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် ဆွဲဆောင်မှု အရှိဆုံးသော WAGများကို စုစည်းဖော်ပြထားသည့် အစီအစဉ်ဖြစ်သည်။ mutdfan.com ပရိတ်သတ်များ ရှုစားကြပါစို့လား... ...။
ဆွဲဆောင်မှုအရှိဆုံး ဆံပင်ပိုင်ရှင် ။ ။ မီရှဲလ် မာ့ရှ်
ဆွဲဆောင်မှုအရှိဆုံး မျက်လုံးအလှပိုင်ရှင် ။ ။ လော်ရန်နာဘာရယ်
လော်ရန်နာဘာရယ်ကား စပိန်အလှမယ်ဟောင်း (Miss Spain)ဖြစ်ပြီး အဲဗာတန်မှ မိုက်ကယ်အတီတာနှင့် လက်ထပ်ထားသူ ဖြစ်သည်။ အားလုံးသော WAGများထဲတွင် မျက်လုံးအလှဆုံး ဖြစ်သည်။ ဆွဲဆောင်မှုအရှိဆုံး နှာခေါင်းအလှပိုင်ရှင် ။ ။ ဖက်ဒရီကာ ရီဒိုလ်ဖီ
ယခု ကမ္ဘာ့ဖလားဝက်ဂ်၏ အလှမှာ သူ့မျက်နှာမှ နှာခေါင်းအလှ မပါဘဲ မပြည့်စုံဟု ဆောင်းပါးရှင်က ဆိုသည်။ ဂွီလီယာနို ဂျီယန်နီချီဒါ၏ ချစ်သူဖြစ်သည်။ဆွဲဆောင်မှုအရှိဆုံး ပြုံးအလှပိုင်ရှင် ။ ။ အက်ဒီတာဟော်တိုဗာ
(အပြုံးကို မမြင်ဘဲ ရှားစောင်းပင်ကိုပဲ မျက်စိမကျပါနှင့်။) လီဗာပူးလ် ကစားသမားဟောင်း မီလန်ဘားရို့စ်၏ ချစ်သူဖြစ်သည်။ ၂၀၀၅ ဥရောပမယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်၏။ဆွဲဆောင်မှုအရှိဆုံး မေးရိုးအလှပိုင်ရှင် ။ ။ ဧဗာ ဂွန်ဇာလက်ဇ်
အင်ဂျီလီနာဂျိုလီက ယခုဓါတ်ပုံကို မြင်မြင်ချင်းမှာ ညှို့အားပြင်းမျက်နှာပိုင်ရှင်ကို မနာလိုဖြစ်ခဲ့ရသည်ဟု ဆို၏။ စပိန်ကြယ်ပွင့် ကာဆီးလပ်စ်၏ ချစ်သူတစ်ယောက်ဖြစ်သည်။ဆွဲဆောင်မှုအရှိဆုံး လည်ပင်းအလှပိုင်ရှင် ။ ။ ဘီယန်ကာကက်လိခ်ျ
ဘီယန်ကာကက်လိခ်ျမှာ ရုပ်မြင်သံကြားဇာတ်လမ်း Rules of Engagement ကြောင့် လူသိများခဲ့ရသည်။ ယူအက်စ်ကြယ်ပွင့် လန်ဒန်ဒိုနိုဗန်၏ ဇနီးချောဖြစ်သည်။ သူ၏ လည်ပင်းအလှက ဆွဲဆောင်မှုရှိလှပြီး နာမည်ကျော်ရုပ်ရှင်ကား Twilight မင်းသမီးနှင့် ခိုင်းနှိုင်းကြသည်။ ဆွဲဆောင်မှုအရှိဆုံး ပခုံးအလှပိုင်ရှင် ။ ။ အယ်လီနာ ဆာရီဒိုဗာ
ကမ္ဘာ့နံပါတ်တစ် ဂိုးသမား ဂျီယန်လွီဂီ ဘူဖွန်၏ ချစ်သူဖြစ်သည်။ ချက်ခ်နိုင်ငံ၏ အလှမိဖုရားဟောင်းလေး ဖြစ်သည်။
အရပ် ၆ပေ ၇လက္မ ရှည်သည့် အင်္ဂလန်တိုက်စစ်မှူး ပီတာခရော့ခ်ျ၏ ချစ်သူဖြစ်သည်။ ဆောင်းပါးရှင်က Perfect World Cup WAGကို တည်ဆောက်ရန် စဉ်းစားစက ကလန်စီ၏ တစ်ကိုယ်လုံးကို ရွေးချယ်ချင်ခဲ့ကြောင်း ဆိုသည်။ဆွဲဆောင်မှုအရှိဆုံး ရင်သားအလှပိုင်ရှင် ။ ။ ဂမ္မာ အက်ကင်ဆင်
ဆွဲဆောင်မှုအရှိဆုံး ၀မ်းဗိုက်အလှပိုင်ရှင် ။ ။ မာတီနာ ကိုလွန်ဘာရီ
ဆွဲဆောင်မှုအရှိဆုံး တင်အလှပိုင်ရှင်(ပူးတွဲ) ။ ။ ဇိုင်ရာနာရာ နှင့် အိုစ်ကာနာ အန်ဒါဆင်
ဒေးဗိတ် ဘွန်မ်ဘာဒီနီ၏ ချစ်သူမိန်းခလေးဖြစ်သည်။ ဆွဲဆောင်မှုအရှိဆုံး ခြေသလုံးအလှပိုင်ရှင် ။ ။ အီလာရီ ဘလာစီ
ဆွဲဆောင်မှုအရှိဆုံး ခြေဖ၀ါးအလှပိုင်ရှင် ။ ။ အိုင်ဒါ ယက်စ်ပီကာ
မက်တီယို ဖာရာရီ၏ ချစ်သူဖြစ်ပြီး ပူလောင်သည့် ညှို့အားပြင်းအလှပိုင်ရှင်မလေး ဖြစ်သည်။ အလှမယ်ပေါများသည့် ဗန်နီဇွဲလားမှ မွေးထုတ်ထားသည့် The Perfect World Cup WAG ကို ပြည့်စုံစေသည့် မိန်းမချောလေးဖြစ်သည်။ ဆွဲဆောင်မှုအရှိဆုံး အသားအရေပိုင်ရှင် ။ ။ ဆယ်လ်ဗီ ဗန်ဒါဗတ်
ဟော်လန်တိုက်စစ်မှူး ရာဖေးလ် ဗန်ဒါဗတ်၏ ဇနီးချော ဖြစ်၏။ ဆယ်လ်ဗီ၏ အရေပြားအလှဖြင့် အထက်တွင် ဖော်ပြခဲ့ပြီးသော ကိုယ်ခန္ဓာ အစိတ်အပိုင်း အလှများကို စုစည်းပေါင်းစပ် ပုံဖော်လိုက်လျှင် ပြီးပြည့်စုံသည့် Perfect World Cup WAG ကို အပြီးသတ်ပုံဖော်နိုင်ပြီ ဖြစ်ပါသည်။


0 comments:
Post a Comment