Thursday 10 June 2010

သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်စိတ်ပါမှုကို မြှင့်တင်ပေးနိုင်မယ့် အချက် (၅) ချက်



(၁) လေ့ကျင့်ခန်း

အသက်မှန်မှန်ရှူပြီး လုပ်ရတဲ့ ကိုယ်လက် လှုပ်ရှားမှုများ အားလုံးဟာ သွေးလေ လှည့်ပတ်မှုကို အထူးကောင်းမွန် စေပါတယ်။ ဒီတော့ ကောင်းကျိုးအနေနဲ့ အတွင်းအပြင် လိင်အင်္ဂါတွေဆီကို သွေး ထောက်ပံ့ပေးမှု ပိုများလာစေပြီး အမျိုးသား သဘာဝကို တိုးတက်ကောင်းမွန် တည်တံ့ စေပါတယ်။

နောက်ထပ် အရမ်းကောင်းတဲ့ အကျိုးရလဒ်တစ်ခု အနေနဲ့ Endorphin ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဦးနှောက် အတွင်းမှာ ထွက်စေပြီး ဒီပစ္စည်းရဲ့ အာနိသင်ကြောင့် အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း ပိုထွက်စေလို့ သင့်ကို ပိုမို ယောက်ျားပီသစေမှာ ဖြစ်ပါတယ်။


(ယောက်ျားလေးတွေကို ငယ်စဉ်ကတည်းက လှုပ်ရှားကစားကာ ကျားကျားလျားလျား နေစေသင့်ပါတယ်။ ဒါမှသာ စွမ်းဆောင်ရည်မြင့်မားတဲ့ နိုင်ငံ့သားကောင်းများ ဖြစ်လာကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရွယ်ရောက်ပြီး ယောက်ျားလေးများ အားကစားပုံမှန်လုပ်တဲ့ အကျင့် အင်မတန်နည်းတာ ၀မ်းနည်းစရာပါပဲ)


(၂)စိတ်ဖြေလျှော့ အပန်းဖြေခြင်း

စိတ်ဖိစီးမှု သောကတွေကို လုံးဝမတွေးတော့ဘဲ အနားယူတဲ့အချိန် ထားပေးခြင်းအားဖြင့် သင့်ရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းကို ကာကွယ်နိုင်ပါတယ်။ အကယ်၍ ဒီလိုမလုပ်နိုင်ဘူးဆိုရင် စိတ်ဖိစီးမှု ဟော်မုန်း (stress hormone) ဖြစ်တဲ့ Cortisol ပမာဏ အရမ်းများလာရင် တက်စတိုစတီရုန်းရဲ့ အကျိုးအာနိသင်ကို တားဆီးပိတ်ပင်ရာရောက်စေလို့ ဘာမှ စိတ်မပါဘဲ ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်တွေလဲ ကျဆင်းလာတတ်ပြီး ဘ၀အပေါ် အနုတ်လက္ခဏာ သက်ရောက်မှုတွေ ဖြစ်စေလို့ စိတ်ဖိစီးမှုကို မွေးမြူမထားပါနဲ့။ အဆင်ပြေရာ နှစ်သက်ရာ နည်းလမ်းနဲ့ တိုက်ဖျက်ပါလို့ အကြံပေးလိုပါတယ်။


(၃)ထူးခြားဆန်းသစ် ရင်ခုန်ပျော်ရွှင်စရာ ကိစ္စများတွင် နှစ်ယောက်တူတူ ပါဝင်ခြင်း

မကြာသေးမီက လေ့လာတွေ့ရှိချက် တစ်ခုအရ ပြောရရင် ဆန်းသစ်ပြီး စိန်ခေါ်မှုပါတဲ့ ကိစ္စရပ်ကလေးတွေမှာ (ဥပမာ ကိုယ်လက်လှုပ်ရှား ပြိုင်ရတဲ့ ဂိမ်းကစားတာမျိုး၊ ရိုလာကိုစတာ တူတူစီးတာမျိုး၊ ဥာဏ်စမ်းပဟေဠိ တူတူ ဖြေကြတာမျိုး စတာတွေမှာ အပြင် နှစ်ယောက်တူတူနေတဲ့ အိပ်ရာထဲက အချိန်မှာပါ ဆန်းသစ်တီထွင်) တူတူပါဝင်လေ့ရှိတဲ့ စုံတွဲတွေရဲ့ ဦးနှောက်ထဲမှာ ဒိုပါမင်း (Dopamine) လို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုး ပိုမို ထွက်နေကြလေ့ ရှိပြီး တူတူနေတဲ့အချိန်မှာ ပိုမိုတွယ်တာ ချစ်ခင်စေပါတယ်။ စိတ်ပါလက်ပါ အမြဲရှိနေစေပါတယ်တဲ့။ (ဂျိမ်းစဘွန်းတို့ စုံတွဲလို့ ဆိုနိုင်မလားပဲ.......Tongue out)


(၄)တရားမ၀င်ဆေးတွေအစား အာဟာရနဲ့ ဖြည့်တင်းခြင်း

Gingo biloba လို့ခေါ်တဲ့ ကမ္ဘာဦးပင်ရဲ့ အရွက်ဟာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး သွေးကြော မကောင်းလို့ ဖြစ်ရတဲ့ ပန်းသေပန်းညှိုး ရောဂါတွေ ကို သက်သာပျောက်ကင်းစေပါတယ်။ (ကျွန်တော်တို့ ဆီမှာတော့ FAME ကထုတ်တာ ဆိုင်တွေမှာ မေးဝယ်လို့ ရပါတယ်)

နောက်တစ်ခုက လူသိနည်းတဲ့ ဗိုက်တာမင် B5 ဖြစ်ပါတယ်။ ၄င်းက ကျောက်ကပ် အပေါ်နားလေးက အက်ဒရီနယ်ဂလင်း ဆီကနေ မျိုးပွားဟော်မုန်းတွေ ထွက်တာကို သဘာဝကျကျ အားပေးပါတယ်။ ဗိုက်တာမင် B5 ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသည်း၊ နေကြာစေ့၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီစိမ်း၊ ဥအမျိုးမျိုး၊ မှို စတာတွေ ဖြစ်ပါတယ်။


နောက် အိုဗာတင်းလို စားသောက်ဖွယ်ရာမျိုးတွေ ကလေးနို့မှုန့်တွေမှာ လှိုင်လှိုင်ကြော်ငြာနေတဲ့ ကိုလင်း (Choline) ဖြစ်ပါတယ်။ ကိုလင်းဆိုတဲ့ ပစ္စည်းဟာ ဦးနှောက်ဆီက လိင်ခံစားမှုနဲ့ ပတ်သက်တဲ့ လှုံ့ဆော်မှုတွေကို လိင်အင်္ဂါတွေဆီကို ပို့ပေးတဲ့ နေရာမှာ အထောက်အကူ ပေးပါတယ်။ ကိုလင်းကြွယ်ဝတဲ့ အစားအသောက် တွေကတော့ အမဲအသည်း၊ ဥအကာ၊ ပဲပိစပ် (ပဲနို့)၊ မြေပဲ နဲ့ အသီးအနှံများတို့ ဖြစ်ပါတယ်။


(၅)သင့်အဖော်ရဲ့ ကိုယ်နံ့ကို ရှူရှိက်ပေးခြင်း

ကိုယ်နံ့တွေဟာ ဟော်မုန်းတွေရဲ့ အစွမ်းကြောင့် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု ရှိတာ မေးနေစရာတောင်မလိုပါဘူး။ သင့်ချစ်သူရဲ့ ကိုယ်နံ့ဟာ သင့်ကို နိုးကြား ရင်ခုန်စေပြီး အထောက်အကူပြုပါတယ်။ ဒီနေရာမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက ပိုမိုစွဲဆောင်မှု ရှိစေတာမို့ အမျိုးသားရော အမျိုးသမီးပါ ကိုယ်နံ့တွေကို ဂရုစိုက်သင့်ပါတယ်။

Last Updated at 2010-06-10 on 05:39:35 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

0 comments:

 

blogger templates | Make Money Online