အာဂျင်တိုင်း ဘောလုံးဂန္တ၀င် ဒီယေဂို မာရာဒိုနာကလည်း လာရစ်ဆားအား စိတ်ဝင်စားနေသူ ဖြစ်ပါသည်။ အကြောင်းက မာရာဒိုနာမှာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ရရှိလျှင် လမ်းမများပေါ် အ၀တ်မပါဘဲ ပြေးလွှားအောင်ပွဲခံမည်ဟု ရှေးဦးစွာ ထုတ်ဖော် ပြောကြားထားခဲ့သူ ဖြစ်သည်။
အာဂျင်တိုင်းနည်းပြထက် သာလွန်လိုသူ လာရစ်ဆာက မာရာဒိုနာကဲ့သို့ မိမွေးတိုင်း ဗလာကိုယ်ဖြင့် သက်သက်မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ကို ပါရာဂွေး နိုင်ငံကိုယ်စားပြု အရောင်များ ဆေးခြယ်ပြီး လှည့်ပတ်ပြေးလွှား အောင်ပွဲခံမည်ဟု ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။
ယခု တောင်အာဖရိက ကမ္ဘာ့ဖလားတွင် မိခင်နိုင်ငံ ပါရာဂွေးကို ရီကွယ်လ်မီးက အလွန်အမင်း အားတက်သရော အားပေးနေသူပါ။ အသင်း၏ အောင်ပွဲများက သူမကို ပို၍ပို၍ နာမည်ကြီးလာ လူသိများလာစေသည်ကား အမှန်ပင်။ ပြိုင်ပွဲ၏ အကျော်ကြားဆုံး ပရိတ်သတ်ပင် ဖြစ်၍နေပါသည်။
လာရစ်ဆာ၏ အသင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာနိုင်ခဲ့ပြီး အင်္ဂါနေ့က ဂျပန်အသင်းကို ရှုံးထွက်အဆင့်တွင် ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးရှစ်သင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
ပါရာဂွေးမှာ လာမည့် ဇူလိုင်လ ၃ရက်၊ စနေနေ့တွင် စပိန်အသင်းနှင့် ကွာတားဖိုင်နယ် ကစားရမည် ဖြစ်ပြီး လာရစ်ဆာ၏ အားပေးပုံများကို ဝေေ၀ဆာဆာ မြင်တွေ့ရဦးမည် ဖြစ်ပါသည်။
0 comments:
Post a Comment