Thursday 1 July 2010

နာမည်က ပါရာဂွေး ခံစားသူက လာရစ်ဆင်



ကမ္ဘာ့ဖလားမှာ ပထမဆုံး ထင်ပေါ်လူသိများ စိတ်ဝင်စားခြင်း ခံခဲ့ရသော်ပုံကို ရှုပါ။ ကြည့်ရှုမိသူတိုင်း မိန်းမချောလေး၏ အားရပါးရ အားပေးဖို့အတွက် သူမဟမ်းဖုန်းကို ထည့်ထားလိုက်သည့် နေရာကို သတိပြုမိခဲ့ကြသည်။


ပါရာဂွေး၏ ကမ္ဘာ့ဖလား အံ့ဖွယ်ပရိတ်သတ် လာရစ်ဆာ ရီကွယ်လ်မီးက ပါရာဂွေးအသင်း ကမ္ဘာ့ဖလား ရရှိလျှင် အ၀တ်မပါ ဗလာကိုယ်ထီး ပြေးလွှားလှည့်ပတ်ပြီး အောင်ပွဲခံမည်ဟု ကြွေးကြော်လိုက်ကြောင်း သိရပါသည်။ လာရစ်ဆာမှာ အမေရိကန်မှ မထင်မရှား မော်ဒယ်လေးအဖြစ်မှ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျေးဇူးကြောင့် လူအများဆုံး စိတ်ဝင်စားမှု ခံနေရသူအဖြစ် စာမျက်နှာများပေါ် ထင်ရှားလာသူ ဖြစ်သည်။

Larissa-riquelme1_display_image

ထို့နောက် အသက်(၂၄)နှစ် ပါရာဂွေး လှပျိုမယ်လေးအား လူအများ စိတ်ဝင်တစား ရှိလာခဲ့ပြီး မီဒီယာများလည်း သူမနှင့် ပတ်သတ်ရာ ရှာဖွေဖော်ထုတ် ကြလာတော့သည်။ လာရစ်ဆာမှာ ဖက်ရှင်မော်ဒယ် တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းများတွင်လည်း ပုရိသအကြိုက် ကိုယ်ဟန်ပြမယ် စြဖ်သည်။


Larissa-riquelme_display_image



အာဂျင်တိုင်း ဘောလုံးဂန္တ၀င် ဒီယေဂို မာရာဒိုနာကလည်း လာရစ်ဆားအား စိတ်ဝင်စားနေသူ ဖြစ်ပါသည်။ အကြောင်းက မာရာဒိုနာမှာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ရရှိလျှင် လမ်းမများပေါ် အ၀တ်မပါဘဲ ပြေးလွှားအောင်ပွဲခံမည်ဟု ရှေးဦးစွာ ထုတ်ဖော် ပြောကြားထားခဲ့သူ ဖြစ်သည်။
အာဂျင်တိုင်းနည်းပြထက် သာလွန်လိုသူ လာရစ်ဆာက မာရာဒိုနာကဲ့သို့ မိမွေးတိုင်း ဗလာကိုယ်ဖြင့် သက်သက်မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ကို ပါရာဂွေး နိုင်ငံကိုယ်စားပြု အရောင်များ ဆေးခြယ်ပြီး လှည့်ပတ်ပြေးလွှား အောင်ပွဲခံမည်ဟု ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။



Riquelme_display_image


ဘာအတွက် ကြော်ငြာထားတာပါလိမ့်။

ဆေးရောင်ချယ်မည်ကို မကြိုက်သူအချို့ ရှိပါမည်။ သို့သော် ညှို့ဓါတ်ပြင်း လိင်ဆွဲဆောင်မှု အားကောင်းလှသူ အဖော်အချွတ် ဖက်ရှင်မော်ဒယ်က ပူလောင်ပြင်းပြစွာ အားလုံးသဘောကျ အောင်ပွဲခံပြ သွားမည်သာ ဖြစ်ပါသည်။ လိင်ဆွဲဆောင်အားကောင်းသူ အဖော်အချွတ် ဖက်ရှင်မော်ဒယ်က ပူလောင်ပြင်းပြစွာဖြင့် အားလုံးသဘောကျစရာ အောင်အောင်ပွဲခံပြမည်မလွဲပေ။

0000177700_display_image

ယခု တောင်အာဖရိက ကမ္ဘာ့ဖလားတွင် မိခင်နိုင်ငံ ပါရာဂွေးကို ရီကွယ်လ်မီးက အလွန်အမင်း အားတက်သရော အားပေးနေသူပါ။ အသင်း၏ အောင်ပွဲများက သူမကို ပို၍ပို၍ နာမည်ကြီးလာ လူသိများလာစေသည်ကား အမှန်ပင်။ ပြိုင်ပွဲ၏ အကျော်ကြားဆုံး ပရိတ်သတ်ပင် ဖြစ်၍နေပါသည်။


1253139826169_f_display_image

လာရစ်ဆာ၏ အသင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာနိုင်ခဲ့ပြီး အင်္ဂါနေ့က ဂျပန်အသင်းကို ရှုံးထွက်အဆင့်တွင် ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးရှစ်သင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။



Paraguaya-modelo4-_display_image


Paraguaya-modelo7-_display_image


ပါရာဂွေးမှာ လာမည့် ဇူလိုင်လ ၃ရက်၊ စနေနေ့တွင် စပိန်အသင်းနှင့် ကွာတားဖိုင်နယ် ကစားရမည် ဖြစ်ပြီး လာရစ်ဆာ၏ အားပေးပုံများကို ဝေေ၀ဆာဆာ မြင်တွေ့ရဦးမည် ဖြစ်ပါသည်။
Last Updated at 2010-06-30 on 23:49:46 Translated by : ဟိဏ်းခန့် Mutdfan.com

0 comments:

 

blogger templates | Make Money Online