Monday 5 July 2010

အနားသတ်မရှိတဲ့ ရင်ခွင်



ရင်ခုန်သံတွေကို
စစ်တမ်းကောက်တော့
အနားသတ် မပါဘူး . . . ။

ချစ်ခြင်းစကားကို
ယုံတမ်းလုပ်ပြောတော့
ခါးပတ် မပါဘူး . . . ။

လူတွေထဲက
လူသားတစ်ယောက်ဖြစ်တဲ့မင်း . . .
သမိုင်းကြောင်းလှဖို့
မစဉ်းစားအားဘူး . . . ။

ပစ္စုပ္ပန် ခြေလှမ်း
လက်တကမ်း လှပဖို့ပဲ ပြင်ဆင်နေတော့
အနားသတ်မပါတဲ့
စကားလုံးတွေ
မင်းပါးစပ်က ပြောရဲပြီပေါ့ . . . ။

ဟန်ဆောင်မှု မပါတဲ့ ပကာသနတွေကို
လှစ်ဟပြဖို့
လူသားတိုင်း
ကြောက်ရွံ့တတ်တယ်ဆိုတာကို
မင်း နားလည်လာတဲ့ . . . တစ်နေ့
မင်းရင်ခွင်တစ်ခုလုံး
ဘာမှ မကျန်တော့လောက်အောင်
ဟင်းလင်းပြင်မှာ
ငိုပွဲဆင်ဖို့
မင်းမျက်လုံးတွေကို
အနားပေးသင့်ပြီ။

နွေဆူး (တန့်ဆည်)

0 comments:

 

blogger templates | Make Money Online