ချစ်သူ စိတ်တိုင်းမကျ ငြိုငြင်မှာလည်း ကြောက်လှပါတယ်။
ချစ်သူ စိတ်မချမ်း မသာ ဖြစ်မှာလည်း စိုးရိမ်ပါတယ်။
ချစ်သူ အလိုကျ ဖြည့်ဆည်း ပေးချင်ပါတယ်။
နှလုံးသားက ချစ်တဲ့စိတ်တွေက အပြစ်မှန်သမျှကို လျော့ပါးစေတယ်လေ။
ကြင်နာမှုကို အခြေခံ၊ မြတ်နိုးမှုနဲ့အရင်းတည်၊
ယုံကြည်မှုချက်နဲ့ တည်ဆောက်၊
သစ္စာတရားက မပျောက်ပျက်လေတော့၊
ထားရာနေ စေရာ သွားပါ့မယ် ချစ်သူရယ်။
ဒါပေမယ့် ချစ်သူရယ်
နှလုံးသားက ကျောက်ရုပ်မှ မဟုတ်တာ။
သူ့ကို ဖေးမနေတဲ့ အဖော်ရှိတယ်လေ။
သူ့ အဖော်က ဦးနှောက်
တခါတခါ လိုက်လျောတာတွေ ဖေးမတာတွေ စာနာတာတွေ များလာတော့
ဦးနှောက်က ပြောတယ်။
မင်း တော်တော် ပျော်နေလားတဲ့ . . .
ငါ ကတော့ မင်းကြောင့် တော်တော်လေး ရိနွမ်းနေပြီတဲ့။
မင်းက သစ္စာရှင်ကြီးလားတဲ့။
လောကမှာ ဒီလောက်ရှားနေသလားတဲ့။
မင်း မသိတာရော တကယ် ဟုတ်လို့လားတဲ့၊
မင်း က မွှန်နေတာကိုး တဲ့။
ပြောလိုက်တာ ချစ်သူရယ် . . .
ပက်ပက်စက်စက် ပဲ။
အဖြေပေးပါးဦး ချစ်သူ။ ငါ ဘာလုပ်ရမလဲ ချစ်သူ၊ ငါ မဖြေတတ်ဘူး။
ဒီတခါ ဒီအဖြေကို ချစ်သူ ဘယ်လိုပေးမှာလဲ။
ခံစားသူ
Sunday, 21 February 2010
ဒီ တခါ ဒီ အဖြေ ချစ်သူဘယ်လို ပေးမှာလဲ?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment