Sunday 21 February 2010

မသင့်တော်သည့် တိုင်းရင်းဆေး(၇)မျိုး


ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲရန် မသင့်တော်သော တိုင်းရင်းဆေးဝါး (၇)မျိုးစာရင်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်တစ်စောင် ထုတ်ပြန်တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါဆေးဝါးများသည် လိုအပ်သော အာနိသင်ကို ပေးနိုင်ခြင်းမရှိခြင်း၊ အစစ်ဆေးခံ၍ မှတ်ပုံတင်ထားခြင်းမရှိခြင်းနှင့် အများပြည်သူသုံးစွဲရန် မသင့်တော်ခြင်း ဟူသော အချက်များကြောင့် တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ မက်ဖန်ပရိသတ်များအနေဖြင့်လည်း မိမိတို့နှင့် နီးစပ်ရာတွင် လက်ဆင့်ကမ်း အသိပေးနိုင်စေရန် ဖော်ပြေပေးလိုက်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ကျေးလက်ရော မြို့ပြတွင်ပါ တိုင်းရင်းဆေးဝါးအပေါ် မှီခိုအားပြုမှုများ ကျယ်ပြန့်နေသေးရာ မဖြစ်သင့်သော အန္တရာယ်များ မဖြစ်စေရေး အတွက် သတင်းပေးလိုက်ပါသည်။ အဆိုပါဆေးဝါး (၇)မျိုးမှာ..........

(၁)ဦးဘကြူး၊ စက္ခုပါလ မျက်ကွင်းဆေး
(၂)ဦးသန်းတင်ရင်လူးဗိုက်လိမ်း အညှော်ထုတ် ဆေးမှုန့်
(၃)မြန်မာဆေးခါးကြီး ဆီးချိုကျဆေး
(၄)ရွှေကရင် ရွှေဖားစည် အကြောအဆစ်ဒဏ်ကျေလိမ်းဆေး
(၅)ဦးစန်းမြင့်အောင်၊ရွှေဖားစည် တစောင်းလက်ပတ်ပျားရည်ချက်ဆေးကြီး
(၆)သန်မြန်သူဦးသက်ဝေ၊အဆင့်မြင့်တောရိုင်း စပါးလင်ဆီ
(၇)ဂေါရခါးလေး၊ ငါးပိလက်လေးသစ် သွားကိုက်သွားနာပျောက်ဆေး တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီး ဖြစ်သော်လည်း လိုအပ်ပါက အလွယ်တကူ ကြည့်ရှုနိုင်စေရန်၊ မသိသေးသူများလည်း သိသွားစေရန် တင်ပြပေးလိုက်ပါသည်။

Last Updated at 2010-02-20 on 23:54:22 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

0 comments:

 

blogger templates | Make Money Online