Friday 17 February 2012

ဖြူ



ဖြူ . . . . . . . . . . . . . . . . . ။

ဖြူစင်လွန်းလို့ ပေးခဲ့တဲ့ နာမည်၊

ရင်ဝယ်မက ကမ္ဘာဆုံးထိ သိမ်းဆည်းထားနိုင်တဲ့ နာမည်။

ကြင်နာမှု ယုယမှုတွေ အပြည့်နဲ့ ပေးခဲ့တဲ့ နာမည်။

တွယ်တာမှု နှောင်ဖွဲ့တွေနဲ့ ပေးခဲ့တဲ့နာမည်။

မြတ်နိုးမှု ရစ်ပတ်မှုတွေနဲ့ ပေးခဲ့တဲ့နာမည်။

အေးချမ်းမှု တည်ကြည်မှုတွေနဲ့ ပေးခဲ့တဲ့ နာမည်။

ငြိမ်းချမ်းမှု ဖြစ်တည်မှုတွေနဲ့ ပေးခဲ့တဲ့ နာမည်။

သြော် . . . ခုများတော့ ယုံကြည်မှုတွေ ပျက်ပြယ်။

ငြိမ်းချမ်းမှုတွေ ကွယ်ပျောက် သောကတွေ လမ်းတစ်လျှောက်

ယိမ်းတိမ်း ယိုင်တိုင် ငေးငေး မှိုင်မှိုင်နဲ့ အနာဂတ်လမ်းပျောက်

အဝေးသို့သာ မသိမသာ ရောက်နေပါပေါ့လား ဖြူရယ်. . . ။

0 comments:

 

blogger templates | Make Money Online