မှကူးယူမှတ်တမ်းတင်ထားခြင်းဖြစ်ပါကြောင်း။ |
Saturday, 22 January 2011
မန်ချက်စတာ ယူနိုက်တက်ရဲ့ အနာဂတ်ကို ဘယ်သူတွေ ထုဆစ်မလဲ
Posted by ခံစားမှု မှတ်တိုင် at 06:34 0 comments
Labels: မန်ယူ
Saturday, 15 January 2011
ငယ်စဉ်ကြီးလိုက်
Posted by ခံစားမှု မှတ်တိုင် at 07:13 0 comments
Labels: ကဗျာ
Wednesday, 5 January 2011
မကြာခင်ပဲ ပြည့်ပါစေ
နှစ်ဟောင်းကုန်ပျောက်၊ နှစ်သစ်ရောက်လည်း လွမ်းလျက်ပါပဲ ချစ်မေမေ . . ။ မေမေ မွေးပေး၊ ဘဝလေးမှာ လျှောက်မြဲ လျှောက်ဆဲ၊ ဇွဲမာန်ခဲလျှက် ရဲစိတ် အပြည့်ပေါ့ ချစ်မေမေ။ ဆုတောင်း ရံခါ၊ မပြည့်ပါသေး မေမေပေးဆပ်၊ လမ်းခုလတ်မှာ ထားခဲ့ပြီလား ချစ်မေမေ။ မေမေ ကွယ်ပျောက်၊ သောကရောက်လျက် ခွန်အားပျက်သုဉ်း မျှော်လင့်ချက်တွေ ဆုံးရတော့မှာလား ချစ်မေမေ။ ဘဝ ဘဝ၊ မကုန်ရလျှင် ပြန်ဆုံချင်သေး မေမေ့ရင်သွေး အဖြစ်လေးနဲ့ပေါ့။ ခုတော့ . . . ဘဝကမ္ဘာ ခြားခဲ့ပါပြီ . . . ။ နှစ်တွေလွန်မြောက်၊ နှစ်သစ်ကိုလည်း၊ ရောက်ခဲ့ပါပြီ . . .။ သို့သော် မေမေ . . . ရောက်ရာတိုင်းမှာ တင့်တယ်စေဖို့ ရောက်ရာတိုင်းမှာ ချမ်းသာစေဖို့ ရောက်ရာတိုင်းမှာ ဝမ်းသာစေဖို့ ရောက်ရာတိုင်းမှာ ကျန်းမာစေဖို့ ရောက်ရာတိုင်းမှာ လန်းဖြာစေဖို့ နှစ်ဟောင်းကုန်မှာ ဆုပန်ထွာသည် မကြာခင်ပဲ ပြည့်ပါစေ . . .။ အပျိုချော 
Posted by ခံစားမှု မှတ်တိုင် at 07:10 0 comments
Labels: ကဗျာ
လမ်းမဆုံးပါရစေနဲ့
ပီတိပေါ် သကာလောင်း၊ ရင်ခွင်မှာ ဗြောင်းဆန်ခဲ့၊
အပျော်တွေနဲ့ပေါ့ . . .၊
တူယှဉ်ကာ လက်တွဲ၊ ပန္နက်လည်း ချဖို့၊
ခိုင်မာစွာ သစ္စာပြု၊ ချစ်သူ့ ဆန္ဒတခု။
မုန်းပါတယ်ဆိုတဲ့ စကား၊ သူ့နှုတ်ဖျားက ထွက်ခဲ့၊
ဒုက္ခပေါ် အဆိပ်လောင်း၊ ရင်ခွင်မှာ ဗြောင်းဆန်ခဲ့၊
မီးတောက်တွေနဲ့ပေါ့ . . .။
ပန္နက်ကို သူနှုတ်၊ တွဲလက်တွေ ဖြုတ်ဖို့၊
ခိုင်မာစွာ သစ္စာပြု၊ ချစ်သူ့ဆန္ဒတခု။
ချစ်သူရဲ့ ဆန္ဒနဲ့ ပြင်းပြတဲ့ဝေဒနာ၊
ပူလောင်စွာ ခံစားခဲ့ . . .၊
မတူညီတဲ့ ရလဒ်၊ ကာရန်မဲ့ဝေဒနာ၊
သေချာစွာ စစ်ဆေးဖို့၊ ဆုံးဖြတ်ချက် အခိုင်မာ၊
ယိုင်တိုင်ကာ ချိနဲ့၊
ယဲ့တဲ့တဲ့ အပြုံး၊ မဲ့ရွဲ့ကာ အမုန်းတွေနဲ့၊
လမ်းမဆုံးပါရစေနဲ့ ချစ်သူရယ် . . .။
Posted by ခံစားမှု မှတ်တိုင် at 06:26 0 comments
Labels: ကဗျာ

မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အင်္ဂလန် ပရီးမီးယား လိဂ်မှာ တင်မက တစ်ကမ္ဘာလုံး အတိုင်းအတာထိ နာမည်ကျော်ကြား အောင်မြင်နေတဲ့ အနီရောင် တပ်ဖွဲ့ဝင် တွေကို မျက်စိထဲ ပြေးမြင် မိကြမှာပါ။
တစ်ယောက်နဲ့ တစ်ယောက် အမြင် ကွဲလွဲမှုတွေ ရှိနေကြမယ် ဆိုရင်တောင် ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ အကြီးကျယ်ဆုံး ဘောလုံးကလပ် အသင်းတစ်ခု ဖြစ်တယ်ဆိုတာ ဘောလုံး ပရိသတ်တိုင်း လက်ခံကြမှာ ဖြစ်ပါတယ်။ ယူနိုက်တက် ခုလို အောင်မြင်မှုတွေ ဝေေ၀ဆာဆာ ရရှိလာဖို့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အဓိက ပဲ့ကိုင် ပုံဖော်ခဲ့တာ ဖြစ်ပြီး ဒေးဗစ်ဘက်ဟမ်း၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ နစ်ကီဘတ်၊ ဂယ်ရီနဗီးလ်၊ ဖိလစ်နဗီးလ် တို့လို ငယ်မွေး ခြံပေါက်တွေရဲ့ အားနဲ့ အသင်းကို တည်ဆောက် ခဲ့တာပါ။ နောက်ပြီး ကမ္ဘာတလွှားက အလားအလာ ရှိတဲ့ လူငယ်တွေ ကိုလည်း စနစ်တကျ ၀ယ်ယူ စုဆောင်း ခဲ့ပါသေးတယ်။

