Wednesday 22 February 2012
Tuesday 21 February 2012
Friday 17 February 2012
ဖြူ
ဖြူ . . . . . . . . . . . . . . . . . ။ ဖြူစင်လွန်းလို့ ပေးခဲ့တဲ့ နာမည်၊ ရင်ဝယ်မက ကမ္ဘာဆုံးထိ သိမ်းဆည်းထားနိုင်တဲ့ နာမည်။ ကြင်နာမှု ယုယမှုတွေ အပြည့်နဲ့ ပေးခဲ့တဲ့ နာမည်။ တွယ်တာမှု နှောင်ဖွဲ့တွေနဲ့ ပေးခဲ့တဲ့နာမည်။ မြတ်နိုးမှု ရစ်ပတ်မှုတွေနဲ့ ပေးခဲ့တဲ့နာမည်။ အေးချမ်းမှု တည်ကြည်မှုတွေနဲ့ ပေးခဲ့တဲ့ နာမည်။ ငြိမ်းချမ်းမှု ဖြစ်တည်မှုတွေနဲ့ ပေးခဲ့တဲ့ နာမည်။ သြော် . . . ခုများတော့ ယုံကြည်မှုတွေ ပျက်ပြယ်။ ငြိမ်းချမ်းမှုတွေ ကွယ်ပျောက် သောကတွေ လမ်းတစ်လျှောက် ယိမ်းတိမ်း ယိုင်တိုင် ငေးငေး မှိုင်မှိုင်နဲ့ အနာဂတ်လမ်းပျောက် အဝေးသို့သာ မသိမသာ ရောက်နေပါပေါ့လား ဖြူရယ်. . . ။
Posted by ခံစားမှု မှတ်တိုင် at 02:17 0 comments
Labels: ကဗျာ
လျှောက်မြဲ လျှောက်လျက်ပါပဲ
ယုံကြည်မှုနဲ့ တည်ဆောက်၊
ဘဝလမ်း ခရီးတစ်ထောက်မှာ
အမောက်ဖောက်ပြီလား ချစ်သူ။
ယုံကြည်မှုကင်းမဲ့၊
ဆိတ်သုဉ်းတဲ့လမ်းမှာ
ချောက်သွေ့လွန်းပြီလား ချစ်သူ . . . ။
ယုံကြည်မှုတွေ ပျက်သုံး၊ လမ်းအဆုံးရောက်အောင်
မလျှောက်နိုင်တော့ဘူးလား ချစ်သူ . . . ။
ချစ်သူရယ် . . .
တွေတွေ ဝေဝေ လမ်းမကြီးအထက်၊
နင် ဘယ်လိုပဲ ရှေ့ဆက် ရှေ့ဆက်
ငါကတော့ အားတင်းပြီး လျှောက်မြဲ လျှောက်လျက်ပါပဲ ချစ်သူ။
Posted by ခံစားမှု မှတ်တိုင် at 02:06 0 comments
Labels: ကဗျာ